(unicode)
" ဘေဘီ "
ထပ်မံခေါ်လာသောအသံကြောင့် ထောင့်ဘက်သို့ ပိုတိုးကပ်လိုက်သည်။ စိတ်ထဲတွင်လည်း ဓာတ်လှေကားမြန်မြန်ရပ်သွားဖို့သာ ဆုတောင်းနေမိ သည်။
ဒေါင်းမာန်ပြုံးလျက် ထောင့်၌ကပ်နေသော အဝါလုံးလေးကို အသာထိပုတ်လိုက်လျှင် အရင်ဆုံးပေါ် လာသည်က မျက်လုံးဝိုင်းသေးသေးလေး။ ထို့နောက် နှာခေါင်းသေးသေး။
" ဘေဘီ ဘာလိုပုန်းနေတာလဲ၊ မျက်နှာလေးပြပါအုန်းကွာ ကိုယ့်အမောပြေလေး "
" ဟင့်အင်း "
ခေါင်းလေးခါ၍ ငြင်းဆိုလာသည်။
" ဘာလို့လဲ "
" မျက်နှာ မသစ်ရသေးဘူး "
တိုးတိုးလေးအဖြေပြန်ပေးလာသူကို ဒေါင်းမာန် အသည်းယားမိလေသည်။ ထို့ကြောင့် ချစ်စဖွယ်မျက်နှာလေးပေါ်လာစေရန် ထိုအဝါလုံးပုလေး၏ လည်ပင်းနားမှ လက်နှစ်ဖက်ဖြင့် အသာပင့်မယူလိုက်လျှင်
" ကိုယ်ကိုကြည်။ မျက်နှာမသစ်ထားလည်း ရတယ်၊ ကိုယ့်က ဘယ်လို့နေနေချစ်တာမို့ ဘေဘီ
ဘာမှစိတ်ပူစရာမလိုဘူး "" တကယ်လား "
" တကယ်ပေါ့။ ဘေဘီမျက်နှာမသစ်ထားလည်း ကိုယ်ချစ်တယ်၊ ရေမချိုးလည်း ချစ်မှာ၊ ဒါကြောင့် ကိုယ်ကိုမျက်နှာလေးပြပါအုန်း "
နှုတ်ခမ်းလေးစေ့လျက်ဖြင့် ပြုံးပြလာသူကြောင့် ဒေါင်းမာန်လည်း ကျေနပ်ပြုံး လိုက်ပြုံးမိသည်။
" လူကြီး "
" ဟင် "
အနားကပ်လာရန် လက်အမူအရာပြလာသော ဘေဘီကြောင့် အနားတိုးကပ်သွားလိုက်လျှင် တိုးတိုးလေး ဆိုလာပြန်သည်။
" အမှန်ကလေ သွားလည်းမတိုက်ရသေးဘူး "
" ကိုယ့်သိတယ် ဘေဘီ "
" ဘယ်လို့လုပ်သိ "
ဝလုံးပုံနှုတ်ခမ်းလေးနှင့်အတူ ခေါင်းလေးကိုမော့ ၍ မေးလာသူ၏ရှေ့သို့ ခါးကို အသာကုန်းလိုက်ပြီး
" ကိုယ် အနံ့ရတယ်လေ "
" ဘယ်လို့ ! အား...! စောက်အဘိုးကြီး ! ! ! "
ESTÁS LEYENDO
ချစ်မြဲ ချစ်ဆဲ