အပိုင်း ၄၇

2.6K 99 0
                                    

(unicode)

အကြောတို့ထင်းနေသော လက်အစုံသည်အဖြူရောင်ရှပ်အင်္ကျီရင်ဘတ်ထက်ရှိ ကြယ်သီးတန်းအနီးတွင် ပုံမှန်လှုပ်ရှားနေပေသည်။ ကျယ်ပြန့်စွာသောနောက်ကျောပြင်ကြီးသည် အဖြူရောင်ရှပ်အင်္ကျီပြောင်နှင့်လိုက်ဖက်စွာ ရှိနေပေသည်။ လက်ကိုကွေးလျက် ကြယ်သီးတတ်နေလေ၍ လက်မောင်းရှိအသားကျစ်ကျစ်တို့မှာ ပို၍အထင်သားထင်ပေါ်နေပြန်၏။ တည်နေသော မျက်နှာ ပြင်ထက် ပိရိသေသပ်သောနှုတ်ခမ်းသည်လည်းတင်းတင်းစေ့လျက်ရှိနေသည်။

တည်ငြိမ်သောအကြည်စူးစူးတို့သည် နောက် ကျောဘက်တစ်နည်း ကုတင်ဘက်သို့လှည့်လိုက်ချိန်တွင် မျက်နှာထက်မှ ရုတ်ချည်းကွယ်ပျောက်သွား၏။ စောင်ထုတ်ကြားမျက်နှာလေးသာ ပေါ်နေသူကိုကြည့်လျက် ကုတင်အနီးလမ်းလျှောက်သွားလိုက်သည်။ ပြီးလျှင် ကုတင်အစွန်းတွင်ဝင်ထိုင်လိုက်ပြီး မျက်နှာလေးသာ ပေါ်နေသောကလေးငယ်၏နဖူးထက်မှဆံသားတို့ကို အသာသပ်တင်ပေးလိုက်သည်။

ကွယ်အုပ်နေသောဆံသားတို့ ဖယ်ကွားသွားချိန် ဒေါင်းမာန်မြတ်နိုးရသော နဖူးသေးလေးပေါ်လာလျှင် နဖူးလေးထက်သို့ အသာနမ်းရှိုက်လိုက်သည်။ တစ်စက္ကန့် နှစ်စက္ကန့်...

" အင်း...လူကြီး။ အလုပ်သွားမလို့လား "

" မကြာဘူး။ အစည်းဝေးထိုင်ပြီးတာနဲ့ ချက်ချင်းပြန်လာမို့ ဘာစားချင်လဲ၊ ကိုယ့်ဝယ်ခဲ့ပေးမယ် "

" လူကြီး "

" ပြောလေ "

" လူကြီးလို့ "

" အင်း "

" ကျွန်တော်စားချင်တာ လူကြီးကိုလို့ပါဆို "

" ဟာကွာ ! စိတ်ကို လွတ်ချလိုက်ချင်မိပြန်ပြီး "

" ဘယ်သူက ထိန်းခိုင်းထားလို့လဲ "

မျက်နှာလေးမဖော်ဘဲ စောင်ထုတ်လေးထဲမှစကားဆိုနေသူကို ဒေါင်းမာန်အသည်းတယားယားဖြစ်ရသည်။

" ကလေးငယ် ကိုယ်အကြောင်းသိတယ်မလား "

သွားစေ့၍ သတိပေးသယောင် စကားဆိုလာသူကြောင့်

" ခစ်ခစ်ခစ် သိတယ်လေ၊ ကျွန်တော်ယောက်ျားအကြောင်းကို ကျွန်တော်သိတာဆန်းလား "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now