(unicode)
" လူကြီး ကျွန်တော်ကို lotion လူးပေးအုန်း။ ကျောဘက် မမှီလို့ "
" အင်း...ကိုယ်ပေါင်ပေါ်လာအိပ် "
မွေ့ထက်ဖြန့်စင်းထားသော ပေါင်နားတွင်ပါးလေးအပ်လျက် အိပ်လာသူ၏အင်္ကျီလေးကို အသာပင့် တင်လိုက်သည်။ ပေါ်လာသော ဖြူဖြူဖွေးဖွေး
ကျောပြင်လေးကို သေချာကြည့်မိသည်။" ခဏလေး။ မှောက်ယက်အိပ်ရင် ကလေးထိသွားမယ် "
ရုတ်တရက်ပြန်ထထိုင်ကာ ပြောလာသည်။
" ဒါဆို မျက်နှာချင်းလေးဖက်ထား၊ ကိုယ်သေချာလူးပေးမယ် "
" အင်း အင်း "
ခေါင်းလေးညိတ်လျက် ရင်ခွင်ထဲ တိုးဝင်ဖက်လာသူ၏ကျောပြင်နုနုလေးကို နို့ရနံ့သင်းနေသော
Whitening Body lotion လူးပေး ဖြစ်သည်။ နူးညံ့သောအသားရည်လေးမို့ ဖွဖွလေးအသာထိတွေ့လိမ်းနှယ်ပေးနေချိန်၌ အောက်ပိုင်းနယ်မြေက တစ်စုံတစ်ယောက်မှလည်း ထိတွေ့ချင်လာပုံရလေသည်။" ဟူး..."
အသက်ပြင်းပြင်းရှူလျက် သည်းခံထားမိသည်။ ကလေးငယ်ကို မနာကျင်စေချင်။ သွေးသားပြောင်းလဲမှုအခိုက်တန့်တို့တွင် ကိုယ်၌သဘောတစ်ခုတည်းဖြင့် မရယူချင်။ ထိုအခိုက်အတန့်မှမဟုတ်စေကာမူ မည်သည်အချိန်ကာလဖြစ်ပါစေ ကလေးငယ်ဆန္ဒာမပါလျှင် လုံးဝအလိုမတူခြင်းပြုမည် မဟုတ်။ ထိုမှာ ဒေါင်းမာန်၏ကလေး ငယ်အပေါ် ထားရှိသော ချစ်ခြင်းမေတ္တာ၏အ စိတ်ပိုင်းငယ် တစ်ခုသား။
" ကြာနေပြီးလေ။ လူကြီး လူကြီး "
" ကိုယ် သေချာလူးပေးနေတယ်။ အသားထဲစိမ့်ဝင်သွားအောင် ဖြည်းဖြည်းချင်းလူးပေးနေတာ "
" ကျွန်တော်ကို အသားယူနေတာမလား "
" ကိုယ့်ကလေးအဖေကို ကိုယ်အသားယူတာပဲ။ ဘာဖြစ်လို့လဲ ကိုယ်ကလေးအဖေ "
" ဘယ်လို့တွေခေါ်နေတာလဲ ဟီးဟီး ဟီး "
နားမယဥ်သေးသော အသုံးနှုန်းဆန်းကို ကြားရချိန် စွယ်သော်လင်းနေမတတ်စွာ သဘောကျမိပြန်သည်။
" ကိုယ်တို့ကလေးလေးရဲ့အဖေလို့ ခေါ်လိုက်တာလေ "
" လူကြီး ချစ်တယ် "
ESTÁS LEYENDO
ချစ်မြဲ ချစ်ဆဲ