အပိုင်း ၅၁

2.6K 89 0
                                    

(unicode)

ဒေါ်မြသန္တာကားဂိတ်မှအိမ်သို့ တန်းပြန်လာလာချင်း သားဖြစ်သူကို လိုက်ရှာရပေသည်။ အခန်းထဲရှိမနေ၍ သူငယ်ချင်းစမ်းသီတာတို့အိမ်ဘက်သို့ ထွက်လာခဲ့လိုက်သည်။ အိမ်တစ်လုံးသည်တိတ်ဆိတ်နေ၏။ ပုံမှန်ဝင်ထွက်နေကျအိမ်ဖြစ်၍ သားဇန်ရှိနေလောက်မည့် သားလူထင်အိပ်ခန်းထံကိုသာ တည့်တည့်မတ်မတ်လျှောက်လာလိုက်သည်။

" သားရေ...သားဇန်၊ သား "

အခန်းတံခါးခေါက်လျက် အသံပေးလိုက်သော် လည်း တုံ့ပြန်သံမကြားရ၍ တံခါးလက်ကိုင်ဖုကိုအသာလှည့်ဖွင့်ကြည်လိုက်လျှင် သော့မခတ်ထားပေ။

" သား ! "

အံ့သြထိတ်လန့်စရာမြင်ကွင်းက ဆီးကြိုနေပေသည်။

" ဘယ်လို့လုပ်ပြီး နှစ်ယောက်သားထပ် ထပ် "

သားလူထင်သည် မှောက်ယက်လေအိပ်နေပြီး သားဇန်၏ရင်ခွင်ထဲတွင်ရှိနေပေသည်ကို တွေ့လိုက်ပြီး သေချာလေးပြန်ကြည့်မိသည်။ အနေ အထားသည်ပုံမှန်မဟုတ်သည်ကို ငယ်ရာမှကြီးလာသူဖြစ်သော ဒေါ်မြသန္တာ ချက်ချင်းသ​ဘောပေါက်လိုက်၏။

" ဟူး...ဒီကလေးတွေ "

အသက်ကိုပြင်းပြင်းရှုလိုက်ပြီး အိပ်မောကျနေသူနှစ်ယောက်ကို ထပ်နိူးရပြန်သည်။

" သားဇန် ထအုန်း။ သားဇန် "

နားတွင် အမေဖြစ်သူ၏ခေါ်သံကို ကြားယောင်နေသယောင်။ ဖွင့်မရဖြစ်နေသောမျက်လုံးတို့ကို အားယူဖွင်လိုက်လျှင် ဝါးတားတားပုံရိပ်တစ်ခု။ သေချာထပ်ကြည့်လိုက်လျှင် ကုတင်ဘေးတွင်ခါးထောက်ရပ်နေသူက

" အမေ ! "

" အေး။ နိုးပြီးလား "

" ဟုတ် ဟုတ်ကဲ့။ ကျွန်တော် "

" ရှူးတိုးတိုး၊ သားလူထင်နိုးသွားမယ် "

" အော် အင်း အင်း "

" အဝတ်ဝတ်ပြီးရင် အိမ်ပြန်ခဲ့၊ ခိုင်းစရာရှိတယ်၊ မြန်မြန်နော် "

အခန်းပြင်ရောက်သွားပြီးဖြစ်သော မိခင်ဖြစ်သူသည် အေးဆေးပင်။ ကုတင်ဘေးတွဲကျနေသောအဝတ်တစ်ထည်ကို ကောက်စွတ်လိုက်ပြီး ကုတင်အောက်ပုံ့နေသော ဘောင်းဘီကိုပါ အမြန်ကောက်ဝတ်လိုက်သည်။ ပြီးလျှင် အိပ်ပျော်နေဆဲ လူထင်၏နထင်းလေးကို အသာနမ်းလိုက်၍ စောင်သေချာခြုံ့ပေးခဲ့လိုက်၏။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now