(unicode)
ရောင်စုံမီးများကြားတွင် ပျော်ပါးသူက ပျော်ပါး၊ ကခုန်သူများ ကခုန်ဖြင့်ရှိနေကြ၏။ ထိုသူများထဲ တွင် ကဗွီးသည်လည်း အပါအဝင်ဖြစ်၏။ ကဗွီးမှာ အကဖြင့်သော်လည်းကောင်း၊ အဖော်သောက်ပေးခြင်းဖြင့်သော်လည်း အလျင်သင့်သလို့ လုပ် ကိုင်သူဆိုလည်း မမှား။
စင်းကာရှည်လျားသော ခြေတံ၊ အဝါဘက်သွားသော အသားရောင်၊ အနီရောင်ပြေးအောင် အ ရောင်တင်ဆီဆိုးထားသည့် နှုတ်ခမ်းနီပါးပါး၊ ဆွဲဆောင်မှုရှိသော မျက်ဝန်းတို့ဖြင့် တိုင်ပတ်အက
တင်ဆက်နေလေသူကို ဂျိုးဇက်မျက်တောင် မခတ်ကြည့် ဖြစ်၏။ အမည်းရောင် အိတွဲတွဲရှပ် အင်္ကျီရင်ဟိုက်ဖြင့် ဆွဲဆောင်မှုရှိပေ၏။ သခင်ကြီး သေချာရွေးထားသည်ပင်။ကဗွီးဖျော်ဖြေသည်အလှည့်ပြီးလျှင် အရှေ့ဘက်
တည့်တည့်စားပွဲဝိုင်းတွင် ထိုင်နေသူဆီဦးတည်လိုက်သည်။" ဘာကိစ္စလဲ "
" ထိုင်ပါအုန်း။ အေးဆေးပြောကြတာပေါ့ "
ဂျိုးဇက်အပြောကြောင့် ပြုံးလိုက်မိသည်။
" OK "
ထိုင်လိုက်သည်နှင့် အရက်ခွက်အား ကမ်းပေးလာ၏။
" သောက်လေ၊ နားချိန်ရောက်ပြီးမလား "
" ဟင့်အင်း။ မရှိတော့ဘူး "
" မင်းအတွက် သခင်ကြီးပေးခိုင်းလိုက်တာ "
စာအိတ်ကို ကဗွီးထိုင်သည်ဘက်သို့ စားပွဲပေါ်ဖြတ်၍ အသာတွန်းပို့လိုက်၏။
" ဒါပဲလား။ နောက်ရော "
" သခင်ကြီး ကိစ္စကဒီလောက်ပဲ၊ ဆက် ချင် သေး တယ် ဆို လည်း "
တစ်လုံးချင်းစီပြောလာသူကြောင့် ကဗွီး၏ပါးပြင်ထက်၌ ဆွဲဆောင်မှုရှိသည်အပြုံးအား ဆင်
မြန်းလိုက်လျက် စကားဆက်ဆိုလိုက်။" 3 6 1 "
ခါးလေးလှုပ်ခါပြီး လမ်းလျှောက်ထွက်သွားသည် ကဗွီး၏ကောက်ကြောင်းအလှကို ငေးကြည်နေမိသည်။ လှပါပေ၏။ အသစ်လေးသာဆိုလျှင် ဘယ်လောက်တောင် ပိုကောင်းလိုက်လေမလဲ။
ESTÁS LEYENDO
ချစ်မြဲ ချစ်ဆဲ