(unicode)
" ကလေးငယ် "
" ဟွန့် ခုမှ "
ထိုမှာ ခေါ်သံကိုစိတ်ထဲမှတစ်ဆင့် ပြန်ထူးလိုက်ခြင်းပင်။ အပြင်မှာမူ လှည့်မကြည့်ဖြစ်အောင် အားတင်းလျက် ရပ်နေလိုက်မိသည်။
" ကလေးငယ် "
" ......"
" ကလေးငယ် ကိုယ်မှားပါတယ်၊ ကလေးငယ်ကိုမပြောမိဘဲ ကိုယ့်သဘောနဲ့မှားယွင်းစွာ ဆုံးဖြတ် လိုက်မိတယ်၊ တောင်းပန်ပါတယ် "
စကားကိုပင် ပြန်မပြောချင်လောက်အောင်မုန်းတီးနေပြီးဟု တွေးလိုက်ရုံဖြင့် ဒေါင်းမာန်ရင်တစ်ခုလုံးမကတောင့်တင်းလာပေသည်။ ဘာမှထပ်မပြောလာသော လူကြီးကြောင့် အနောက်ဘက်သို့ အသာလှည့်ကြည်လိုက်လျှင် မြင်လိုက်သော လူကြီး၏ညှိုးငယ်နေသော ပုံစံကြောင့်
" ခေါင်းကဘာဖြစ်တာလဲ လူကြီး "
" ဘာမှမဖြစ် "
" ဘာကို ဘာမှမဖြစ်လာပြောနေတာလဲ "
ခေါင်းမှပတ်တီးကို အသာကိုင်လျက်ဒေါင်းမာန်ငြိမ့်သက်နေမိသည်။ ရှေ့မှ စိုးရိမ်သောကများသွားဟန်ရှိသော ကလေးငယ်၏မျက်နှာလေး
ကို ခြံစည်းရိုးခြားလျက် မြင်နေရပေသည်။
ကလေးငယ်သည် မိမိအားချစ်သေး၏။ ဂရုစိုက်နေသေးသည်။ အတွေးများစွာဖြင့် ဒေါင်းမာန်ကျေနပ်သွားမိကာ ရင်တွင်းတင်းကျပ်မှုတို့ အနည်းငယ် ပြေလျော့သွားရသည်။" အင်း။ ကိုယ်နဲ့ ပြန်လိုက်ခဲ့ပါနော်၊ ကိုယ်တို့ရင် သွေးလေးကိုလည်း အတူတူဂရုစိုက်ကြမယ်လေ၊ ကလေးဆန္ဒာမပါဘဲ နောက်နောင် ကိုယ်ဘယ်
တော့ တစ်ယောက်တည်း မဆုံးဖြတ်တော့ဘူးလေနော် "" တကယ်လား "
" အင်း အင်း။ ကလေးငယ်အန္တရယ်မရှိသေးသ၍ "
" ......."
" ကိုယ်ကတိပေးတယ်၊ ကိုယ်နဲ့ပြန်လိုက်ခဲ့နော် "
" ကတိပေးရင် ပြန်လိုက်ခဲ့မယ် "
" ကတိပေးတယ် ကတိပေးတယ်။ ဆယ်ခါပြန်မကအခါခါ ကတိပေးတယ် "
မျက်နှာလေးကိုမော့ချီထားလျက် စကားဆိုနေသူကို ဒေါင်းမာန်အမြန်ဆုံး အဖြေပြန်ပေးလိုက်သည်။
YOU ARE READING
ချစ်မြဲ ချစ်ဆဲ