(unicode)
ကုမ္ပဏီမှပြန်လာချိန် ဘေဘီပေါက် ကြိုက်
လောက်မည်အသီးများ ဝယ်ခဲ့လိုက်သည်။ သို့ သော် ဒူးရင်းသီးတော့မပါ။ ဘေဘီပေါက်သည် ဒူးရင်းသီးကို အနံံ့ရော၊ အရသာပါမကြိုက်ဟုဆို၍ ပန်းသီးစိမ်း၊ ပန်းသစ်တော်၊ စပျစ်၊ မရမ်းချိုတို့သာ ဝယ်ခဲ့လိုက်သည်။ ဘေဘီပေါက်အ ခန်းရှေ့ရောက်လျှင် တံခါးခေါက်လိုက်သည်။...ဒေါက် ဒေါက်...(တံခါးခေါက်သံ)
" ဘေဘီ "
တံခါးဖွင့်ပေးလာသူသည် မျှော်လင့်ထားသော ဘေဘီပေါက် မဟုတ်ခဲ့။ ထို့ကြောင့် တံခါးဖွင့်လာသူထံ မေးခွန်းထုတ်လိုက်၏။
" ဘယ်သူလဲ "
" သော်လင်းမရှိဘူး။ အပြင်သွားနေတယ် "
အမေးနှင့်မဆိုင်သော အဖြေကို ဆိုလာသူကြောင့် ဒေါင်းမာန်အခန်းထဲသို့ ဝင်ခဲ့လိုက်သည်။
" ဘေဘီ ဘေဘီ ! သော်လင်း ! "
" ခင်ဗျားဘာတွေ အော်နေတာလဲ ! "
တုံ့ပြန်သံနှင့်အတူ ဘေဘီပေါက်သည် အိပ်ခန်းမှထွက်လာလေသည်။ သေချာကြည်လိုက်လျှင် အိပ်နေရာမှ ထလာပုံပင်။ ထို့ကြောင့် ထိုလူအား အတွေးတချို့ဖြင့် သေချာစိုက်ကြည်ဖြစ်၏။ ရှိလျက်ကို ဘာလို့ မရှိဘူးပြောရတာလဲ။ ပြီးတော့ သူက ဘယ်သူလဲ။
လူကြီးသည် ကိုနေ့သစ်ကိုခုမှတွေ့ဖူး၍ သေချာကြည့်နေပုံ၏။ ထို့ကြောင့် သော်လင်းဘက်ကျောပေးထားသော လူကြီးကျောပြင်အားစိုက်ကြည့်နေရာမှ သန်မာကျယ်ပြန့်၍ အားကိုးချင်စဖွယ်ကျောပြင်ကျယ်ကြောင့် ပြေးခုန်တတ်လိုက်ချင်စိတ်များ တဖွားဖွားပေါ် လာပေသည်။
" လူကြီး အင့် "
ရုတ်တရက်နောက်ကျောဆီ ခုန်တတ်လာသော ဘေဘီပေါက်ကြောင့် တွေးလက်စကို ဖျောက်လိုက်သည်။
" အိပ်နေတာလား။ ကိုယ်အသီးတွေဝယ်ခဲ့တယ် "
ဒေါင်းမာန်နောက်ပါးမှ ဘေဘီပေါက်မျက်နှာဘက် ခေါင်းလေးငဲ့ပြောပြီး ဆိုဖာရှည်မှာ ဘေး စောင်းလေးဝင်ထိုင်လိုက်သည်။ ဆိုဖာနောက်မှီ
နှင့်မညှပ်သွားအောင် ဘေးစောင်းလေးထိုင်လိုက်သော လူကြီးကြောင့် လက်ရော၊ ခြေထောက်တို့ဖြင့်ပါ တိုးဖက်ထားလိုက်လျှင် သော်လင်းမျက် နှာလေးမှာ လူကြီးကျောနောက်တွင် ထိကပ်သွားရသည်။ ရှေ့၌ထိုင်နေသော နေ့သစ်ကိုပင် မမြင်ရတော့သည်အထိ သော်လင်းကိုယ်လုံးလေးမှာလည်း ဒေါင်းမာန်၏ကျောပြင်ကျယ်ကြီး နောက် တွင် တည်ရှိကွယ်ပျောက်သွားရသည်။
BINABASA MO ANG
ချစ်မြဲ ချစ်ဆဲ