အပိုင်း ၃၇

2.7K 106 0
                                    

(unicode)

လက်၊ ခြေထောက်တို့ကိုတန်း၍ ပါးစပ်အကျယ်ကြီးဟလျက် အကျောဆန့် သန်းဝေလိုက်သည်။ အိစက်နေသည့် အတွေ့အာရုံကြောင့် ရုတ်တရက်လန့်သွားသည်။ မျက်လုံးတို့ကို အဆုံးထိဖွင့်၍
ဝင့်ကြည်လိုက်လျှင် ရောက်နေသည်မှာ အိပ်ခန်းကျယ်ကြီးတစ်ခုထဲ။

ခေါင်းအေးအေးထားပြီး ပြန်တွေးကြည်လိုက်​
တော့ ဦးလေးကြီးကားထက် မုန့်စားနေခဲ့ချိန်မှစ...

" နိုးပြီးလား "

အသံလာရာဘက်ကိုကြည်လိုက်လျှင် အခန်းတွင်းမဝင်လာဘဲ အခန်းဝတွင်ရပ်​နေသော ဦးလေးကြီး၏မျက်နှာတည်ကို တွေ့လိုက်ရ၏။

" ဘာကြောင်ကြည်နေတာလဲ၊ ညစာ စားချိန်​​ရောက်ပြီး၊ အောက်ထပ် ဆင်းလာခဲ့ "

ထမင်းစားပွဲမည်သော စားပွဲရှည်ကြီး၏ အနံနှစ်ဖက်တွင် စွယ်သော်လင်းက တစ်ဖက် ဦးမင်းထွဋ်ခေါင်က တစ်ဖက်ဖြင့် ရှိနေသည်။ အလယ်တွင် တစ်ဖက်ခြောက်ယောက်မျှ ခြားထိုင်နိုင်သည့်အထိရှိသော ခုံ ၁၂ လုံးတို့က အစီအရီရှိနေသည်။ ဟင်းပွဲတို့သည်မှာလည်း တစ်ဦးစီးအတွက် သီးသန့်ပြင်ထားခြင်းပင်။ စားပွဲထက်ခင်းကျင်းထားသော ပန်းကန်တို့ကိုကြည်လျက် ဦးဒေါင်းမာန် သည် ဘာကြောင့်များ...

" ဟေ့ ! ဟိုဟာလေး ငေးမနေနဲ့၊ ညကျရင် သွားပျော်ဖို့ခေါ်သွားပေးမယ် "

စွယ်သော်လင်းဘာမှ ပြန်မပြောချင်မိ။ ထို့ကြောင့် စားစရာရှိတာကိုပင် ခေါင်းတစ်ချက်ညိတ်ပြပြီး ဆက်စားနေလိုက်သည်။ ပုံမှန်တတ်ကြွနေသူမှာ တိတ်ဆိတ်နေ၍ ဦးမင်းထွဋ်ခေါင် ဘဝင်မကျဖြစ်ရသည်။

" ထ အပြင်သွားကြမယ် "

TV ရှေ့ မလှုပ်မရက်ထိုင်နေသူကို ဦးမင်းထွဋ်ခေါင် စကားစလိုက်သည်။ စကားသံကြောင့်
မော့ကြည်လိုက်လျှင် တတ်ကြွနေဟန်အပြည့်နှင့်ဦးလေးကြီးကို တွေ့ရ၏။

" မလိုက်တော့ဘူး ဦးလေးကြီး "

" ဘာလို့လဲ၊ အပြင်လေးဘာလေးထွက်မှ စိတ်ပြန်လန်းလာမှာ "

" ကျွန်တော်မသောက်နိုင်ဘူး။ ဦးလေးကြီးအ တွက် အလုပ်ရှုပ်စေလိုက်လိမ့်မယ် "

ချစ်မြဲ ချစ်ဆဲTempat cerita menjadi hidup. Temukan sekarang