(unicode)
သွားခွင့်ရထားသောနေရာအနှံ့တွင် စစ်မင်းခိုင် လိုက်ရှာကြည့်နေမိသည်။ သို့သော် ရှာနေသည်မှာ အတန်ကြာနေပြီးဖြစ်သော်လည်း မတွေ့သေး။
" ဒေါက်တာ ဘာရှာနေတာလဲ "
" ခွေးကလေးတစ်ကောင် တွေ့မိသေးလား "
" တွေ့တယ်လေ ဒေါက်တာ၊ မနေ့ကပဲ ဆရာပစ်ဖို့ယူသွားတယ် "
ပြောပြီးထွက်သွားသူ၏စကားကြောင့် ဝမ်းနည်းမိသည်။ ထိုပြင့် စိုးရိမ်ခြင်းအသိတို့လည်း ခေါင်းထဲ အပြေးဝင်လာသည်။
" ခွေးလေးက ကိိုယ်တိုင်မှ အစာရှာစားနိုင်ပါမလား "
ဟုတွေးလိုက်မိလျှင် ရင်ထဲမကောင်းဖြစ်ရပြန်လေသည်။ အတွေးတို့ကို အဆုံးသတ်ရပ်လိုက်ပြီး သွားပစ်ရန်ယူသွားသူကိုပင် ပစ်ခဲ့သောနေရာမေးပြီး အမြန်သွားရှာရပေမည်။ သို့မှသာ ခွေးလေးကိုစိတ်ချနိုင်မည်ဖြစ်၍ မျက်နှာချင်းမဆိုင်ချင်သူနှင့် နောက်တစ်ခေါက်တွေ့ရန် အကြောင်းဖန်လာရလေတော့၏။
" လူကြီး အင့် "
ကားပေါ်မှဆင်းဆင်းချင်းအိမ်ထဲမှ ပြေးထွက်လာပြီး ကိုယ်ပေါ်ခုန်တတ်လိုက်သူကို အမြန်ပွေ့ထိန်းလိုက်ရသည်။ ရင်ခွင်ထဲ တွယ်စီးခိုကပ်ထားသူထံကြည့်လိုက်လျှင် ဒေါင်းမာန၏မျက်ခုံးတန်းထူထူတို့မှာ ကွေးကျသွားရ၏။
" ဘာလို့ဘောင်းဘီက အရမ်းတိုနေတာလဲ "
" ဘယ်သူမှမကြည့်ပါဘူး လူကြီးရာ "
" လာကြည့်လိုက်လေ၊ ချက်ချင်းအလုပ်ဖြုတ်ပစ်လိုက်မယ် "
လူကြီးစကားကြောင့် ကြည်နူးမှုလေးဖြစ်ရ၏။
အပြောအတိုင်းလည်း လက်တွေ့ပြုမူတတ်သူဖြစ်၍ နောင်ဘောင်းဘီတိုမဝတ်ရန်လည်း ကြိုတွေးထားလိုက်သည်။" လူကြီး ကျွန်တော်ချီသွားနော်၊ လမ်းမလျှောက်ချင်ဘူး "
ရင်ခွင်ထဲပွေ့လျက်ရှိနေသော ကလေးငယ်မှဆိုလာလေ၍ ထိုအတိုင်းဖြင့် အိမ်ထဲသို့ပွေ့ချီလျက်ဝင်လာခဲ့လိုက်သည်။ လှေကားဆင့်တို့ကို အခါခါတတ်၍ အိပ်ခန်းထဲသို့ရောက်လျှင် ကလေးငယ်အား ကုတင်ထက်သို့အသာတင်ရန်ပြင်လိုက်လျှင် တွယ်ဖက်ထားဆဲ ကလေးငယ်ကြောင့် ပြုံးမိ၏။
YOU ARE READING
ချစ်မြဲ ချစ်ဆဲ