အပိုင်း ၇

4.6K 240 0
                                    

(unicode)

ပျားထိပြီး နှစ်ရက်မြောက်နေ့ရှိပြီးဖြစ်၏။ သို့​
သော် နေမကောင်းသေးဟူသော အကြောင်းဖြင့် အိမ်၌သာနေရသည်။ ရောင်အန်းမှုများကျသွားသော်လည်း နာကျင်မှုအနည်းငယ်ရှိနေသေးသည်။

" သော်လင်း ထမင်းစားကြမယ်၊ ဆင်းနိုင်ရဲ့လား၊ မဆင်းနိုင်ရင် ငါအပေါ်ယူခဲ့ပေးမ​ယ်လေ "

" ရတယ်၊ သိပ်မနာတော့ဘူး ယဥ်ယဥ် "

" သေချာရဲ့လား၊ ငါ့ထမင်းယူခဲ့ပေးလည်း ရတယ်နော် "

" တကယ့်ပါဆို၊ ရွာလည်လို့တောင်ရနေပြီး "

" သိပြီး သိပြီး၊ ရွာတော့ မလည်ပါနဲ့အုန်း။ အောက်ပဲ ဆင်းလာ၊ ထမင်းစားကြမယ် "

စကားကိုဖြတ်ပြောပြီး ယဥ်ယဥ်တစ်ယောက် အောက်ထပ်ကို ပြန်ဆင်းသွား၏။ ထူကူပေးရ
မလားဟုတောင် မမေးတော့။ သော်လင်း လှေ ကား ၁၅ ဆင့်ကို အသာအေးဆေးဆင်းလာခဲ့ လိုက်၏။ မေကြီးနှင့် ထမင်းပွဲကူပြင်နေသည့်
ယဥ်ယဥ်ကြောင့် ထမင်းဝိုင်းလေးမှာ ထိုင်နေလိုက်သည်။

" မေကြီး "

" ထိုင်နေ သား "

" ဟုတ်ကဲ့ "

" ရော့... နင်အတွက် "

ထမင်းပန်းကန်ကိုကြည်လိုက်လျှင် ထမင်းဖြူမဟုတ်။ နို့နံ့သင်းနေသော ဆန်ပြုတ်ပင်။ ဇွန်းဖြင့် အသာခပ်စားကြည်လိုက်လျှင် အရသာကောင်းလိုက်လေခြင်း။ ထို့ကြောင့် တစ်ဇွန်းပြီး နောက် ထပ်တစ်ဇွန်းထပ်သောက်ဖြစ်သည်။

" ဖြည်းဖြည်းသောက် သား၊ ပူတယ် "

" ဟုတ်ကဲ့၊ သားကြိုက်တယ် "

" နင်မကြိုက်တာ ဘာရှိလို့လဲ "

ယဥ်ယဥ်အပြောကြောင့် ပြုံးပြလိုက်မိသည်။ အ ပြောကြမ်းသော်လည်း စေတနာပါသောစကားမှန်းသိနေ၏။

" အိုးထဲရှိသေးတယ်။ ထပ်ယူ သား "

" ဟုတ် မေကြီး "

" ဗျို့... အရီးခင်မေ "

" အေး... ဘယ်သူတုန်း၊ ဝင်လာလေ "

" အရီးခင်မေ "

" မြဒင်ပါလား၊ လက်မှလည်းချိုင့်နဲ့ ဘယ်သွားမို့တုန်း "

ချစ်မြဲ ချစ်ဆဲDonde viven las historias. Descúbrelo ahora