အပိုင်း ၃၃

2.8K 116 0
                                    

(unicode)

" မင်းဟာလေး အိပ်ပျော်သွားပြီးလား "

" အင်း "

ကလေးငယ်မှာ စားသောက်ပြီးဆိုဖာထက်၌ အိပ် ပျော်သွားပေသည်။

" ဘယ်လို့လဲ ဒေါင်းမာန် "

" ဘာကိုလဲ "

" ဘယ်သူက အတည်လဲ။ ဒီဟာလေးလား၊ ဟိုတစ်ယောက်လား "

ဦးမင်းထွဋ်ခေါင်အပြောကြောင့် ဒေါင်းမာန်နှစ် ခြိုက်စွာ ပြုံးလိုက်လျှင်

" ဟိုတစ်ယောက်နဲ့ဘယ်တုန်းက လမ်းခွဲလိုက်တာလဲ။ ငါအပျော်ခရီးထွက်ချိန်အတွင်း အသစ်က ပေါ် လာပြန်ပြီး၊ ငါ့သားလို့ကို မပြောရဘူး "

" တကယ့် အတည်၊ ကလေးငယ်က အတည်ပဲ "

" ထားလိုက်ပါ။ ဘာတိုးတတ်လာသေးလဲ၊ ဘာတွေ မှတ်မိပြီးလဲ "

" ဟင့်အင်း "

" အေးဆေးပေါ့ "

ပခုံးအားပုတ်လျက် အားပေးလာသည်။ ဒေါင်းမာန်၏ပျောက်ဆုံးနေသော မှတ်ဉာဏ်တချို့ကိုပြန်ရှာနေသည်မှာ ၈ လကျော်ပေပြီး။ ဒေါင်းမာန်အား ဆေးရုံထက်ရှိစေခဲ့သူသည် ပေါ့သေးသေးထဲကတော့ မဖြစ်နိုင်။ ထို့ကြောင့် ဒေါင်းမာန်ကိုယ်တိုင်မှတ်မိရန်လည်း လိုအပ်နေပေသည်။

" အ့ ဖြည်းဖြည်းလေးလေ... အား...အဲနားမဟုတ်ဘူးလေ၊ အင်း ဟင် "

" နေရာမှန်ပြီးလား "

" မှန်ပြီး။ ဖြည်းဖြည်း ဇန် အာ..."

" အခုမှ လာဖြည်းခိုင်းလည်း အပိုပဲ၊ ဖြစ်ပြီးတာက ဖြစ်ခဲ့ပြီး "

" အင်း။ ငါ ရန်မဖြစ်သင့်ဘူး။ ဒါပေမယ့်လည်း
ခုက မင်းကြောင့်ဖြစ်တာလေ၊ ချိုချိုသာသာပြောစမ်းပါ "

ဇန်ငြိမ်းချမ်းကိုသည် လူထင်ကျော်မျက်နှာထက်မှအညိုအမည်းများကို ကျက်ထုပ်ထိုးပေနေ သည်။ လူထင်ကျော်သည် "ဇန်" အား တစ်ဖက် သတ်ကြိုက်နေတဲ့ လမ်းထိပ်ကကလေးမအစ်ကို
နှင့် ရန်ဖြစ်ခဲ့ခြင်းပင်။ သူများညီမကို ဘာမဆိုင်ဘဲသွားဝေဖန်မှတော့ ဟိုက ထိုးလွှတ်လိုက်တာက နည်း​​သေး။

" ငါကြောင့် ငါကြောင့်ပေါ့ ဟုတ်လား "

ဆေးကျက်ထုပ်ဖြင့် အညိုကွက်များထံ ဖိကပ်ပစ် လိုက်သည်။ သူ့အပြစ်ကနေ ကိုယ့်အပြစ်ဖြစ်အောင်လည်း လမ်းဆောင်တတ်သေး၏။

ချစ်မြဲ ချစ်ဆဲNơi câu chuyện tồn tại. Hãy khám phá bây giờ