အပိုင်း ၃၁

2.9K 106 4
                                    

(unicode)

ဝှား...

သော်လင်းမျက်လုံးမပွင့်တပွင့်ဖြင့် ပါးစပ်ကိုဟလျက် အသံကျယ်ကျယ် သန်းဝေလိုက်သည်။ ခေါင်းအုံးသည် ဒီနေ့မှ ပိုမာနေ၏။ ထို့ကြောင့် ခေါင်းကိုအသာကြွလျက် နေရာကျရန်အတွက် နှစ်ချက်လောက်ဆောင့်ချလိုက်လျှင်

" အား...! ! ! ! ! ! ! ! ! !  "

​ကျယ်လောင်သောအော်သံတစ်ခုကို ကြားလိုက်ရ၏။ ထို့ကြောင့် မပွင့်တပွင့်​မျက်လုံးတို့လည်း ချက်ချင်းဝိုင်းစက်သွားရ၏။ အသံလာရာ ခေါင်း ရင်းဘက်သို့ကြည်လိုက်လျှင် လူကြီး၏မျက်ရည်ဝေ့နေသော အကြည်နှင့် ဆုံပေသည်။ ထို့ကြောင့် အိပ်ထားသော လက်ရှိနေရာကို ပြန်ကြည်လိုက်ပြီး မေ့တတ်သော အကျိုးဆက်အနေဖြင့် ငိုချင်မိသွားသည်။

" အရမ်း အရမ်းနာသွားလား "

ဒေါင်းမာန်ခံစားလိုက်ရသော နာကျင်မှုသည် ပြောပြမတတ်အောင် ဖြစ်ပေသည်။ တစ်ညလုံးကောင်းကောင်းမအိပ်ခဲ့ရသည့်အပြင် အခု၌ အဖိုးတန်လေးမှာလည်း ခေါင်းဖြင့် အထုခံလိုက်ရပြန်၏။ တစ်ချက်တင်မဟုတ်ဘဲ နှစ်ချက်ဆက် တိုက်ဖြစ်၍ ဝေဒနာမှာ အီစိမ့်သွား၏။ နာကျင်မှုကိုဖော်ပြရန် စကားလုံးပင် မရှိတော့။

" ကိုယ် တကယ့် အဆင် မပြေဘူး "

အားယူပြန်ဖြေလာသော လူကြီးအပြောကြောင့်  ပို၍ သနားမိသည်။

" ကျွန်တော် ဘယ်လို့လုပ်ပြီး ပြီး "

" အင်း "

" ဘာလို့လုပ်ပြီး လူကြီးခွ ခွကြားထဲ ထဲမှာ ဝင်အိပ်မိလဲ မသိပါဘူးဗျာ "

ခေါင်းကုတ်လျက် စကားဆိုနေသော ကလေးငယ်မှာ တကယ်ကို မသိသည်ပုံပင်။

" ကိုယ်ပြောပြမယ်၊ အခုတော့ ကိုယ်အတွက် ရေခဲနည်းနည်း ရနိုင်တယ်မလား "

" ရမယ် ရမယ်၊ ကျွန်တော်ယူပေးမယ် "

သော်လင်း ကုတင်ထက်မှအ​​ပြန်လေးပြေးဆင်း၍
ရေခဲသေတ္တာထဲမှ ခဲနေသော ရေဗူးတို့ကို အပြေး
သွားရှာမိသည်။

အချိန်သည်ကား နံနက် ၇ နာရီ။ အိပ်ခန်းထဲရှိကုတင်ထက်တွင် ဒေါင်းမာန်သည်ကုတင်ခေါင်းရင်းကိုမှီထိုင်လျက် ခြေထောက်ခွကြား၌ ရေဗူးတစ်ဗူးကိုကပ်ထားလျက် ရှိနေလေသည်။ ဒေါင်းမာန် ၏ဖြန့်ထားသောခြေထောက်အနီး၌ သော်လင်းသည်လည်း မွေ့ယာထက်ဝယ် စိုးရိမ်စိတ်တို့ဖြင့်ထိုင်ကြည့်နေသည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now