[ 1 6 ]

9.9K 1.9K 141
                                    

[Unicode]

လင်းကျီ အဝတ်လဲပြီးတာနဲ့ အပြင်ဖက်သို့ ဖြည်းဖြည်းချင်း ထွက်လာခဲ့တယ်။ အပြင်မှာ ရပ်စောင့်နေတဲ့ ရုန်ချင်းရဲ့ မျက်လုံးတွေ ချက်ချင်း တောက်ပသွားတော့တယ်။

အရိုင်းဆန်ချက်!

သောက်ရမ်း အရိုင်းဆန်တယ်!

သူ အခု ပိုအတွင်းကျတဲ့ အရသာလေး ရနေပြီ!

သူ လင်းကျီကို နှစ်ပတ်လောက် ပတ်ကြည့်ပစ်လိုက်တယ်။

ဒီ စိတ်ဝင်စားစရာ ရမ္မက်သွေးကြွစေတဲ့ ခြေတံရှည်တွေကို တစ်ချက်လောက် ရှိုးကြပါအုံး! ပြီးတော့ ကိုင်ကြည့်စရာမလိုဘဲ မြင်ရုံနဲ့ သောက်ရမ်းမိုက်မှန်း သိသာလွန်းတဲ့ ဒီခါးကို ကြည့်ကြပါအုံးလို့!

ရုန်ချင်းတစ်ယောက် မနေနိုင်မထိုင်နိုင် ဖုန်းထုတ်ကာ လင်းကျီကို တိုးတိုးမေးကြည့်လိုက်တယ် " ဓာတ်ပုံရိုက်ကြမလား? "

လင်းကျီတစ်‌ယောက် သူ့ကြောင့် တလက်လက်တောက်ပနေတဲ့ ရုန်ချင်းရဲ့ မျက်လုံးလေးတွေကို စိုက်ကြည့်ရင်း သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။

" ရိုက်မယ်လေ "

မော်တော်ဆိုင်ကယ် နီညိုရောင် ဂျက်ကတ်ဆင်တူ ဝတ်ဆင်ထားတဲ့ ယောက်ျားသားနှစ်ယောက်က တစ်ယောက် ဂျက်ကတ်အစွန်း တစ်ယောက် ထိမိသည်အထိ တူတူ ပူးကပ်ရပ်လိုက်ကြတယ်။ လေပြည်လေးက ' ချက် ' ဆိုတဲ့ ကင်မရာသံလေးကို သယ်ဆောင်ပေးသွားတယ်။ ဒီအချိန် အခိုက်အတန့်လေးကို အမှတ်တရ ဖြစ်သွားစေမယ့် ဓာတ်ပုံလေးတစ်ပုံတော့ ရသွားခဲ့ပြီ။

ရုန်ချင်းရဲ့ သွယ်လျလျ လက်နှစ်ဖက်က သူ့အရှေ့ရှိ လင်းကျီရဲ့ သွယ်လျတဲ့ ခါးပြင်လေးကို ရစ်သိုင်းပစ်လိုက်တယ်, ရှေ့ကကောင်လေးကတော့ သူ့ရဲ့ ဝမ်းဗိုက်ကြွက်သားတွေကိုတောင် အနည်းငယ် ကျုံ့မိသွားလေရဲ့။ ထို့နောက် မော်တော်ဆိုင်ကယ်ရဲ့ ကျယ်လောင်သော ဟိန်းဟောက်သံနဲ့အတူ ခြေနင်းချလိုက်ပြီး ဒုံးပျံလို မောင်းထွက်သွားတော့တယ်။

နေဝင်ဆည်းဆာက ကောင်းကင်ပေါ်က တိမ်တွေနဲ့အတူ ရောယှက်တောက်ပနေပြီး တိမ်ဆိုင်တိမ်ခဲများကို ရောင်စုံခြယ် ပန်းပွင့်ဖတ်လေးများအလား ထင်မှတ်စေတယ်။ တစ်ချို့က ပန်းဖျော့ဖျော့ တစ်ချို့က ခရမ်းနီနီ ။ လိမ္မော်ရောင် သဲ့သဲ့သန်းနေတဲ့ တိမ်စိုင်တစ်ချို့တောင် ရှိသေးရဲ့။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now