[ 9 4 ]

6.4K 1.2K 217
                                    

[Unicode]

"ဘာဖြစ်ကြတာလဲ?" ရင်းနှီးနေတဲ့ အသံတစ်သံ သူ့ဘေးက ထွက်လာတော့ ရုန်ချင်း ခေါင်းလှည့်ကြည့်လိုက်တယ်။

ဟမ် ကုန်းစွင့်ဇီပိုင်? ပြီးဝောာ့ သူ့တူလေး ကုန်းစွင့်ပိုင်?

"မင်းတို့တွေလည်း ရောက်နေတာလား?" ရုန်ချင်းက စားပွဲပေါ်က နာမည်ပြားကို လှမ်းကြည့်လိုက်တယ်။

အိုဟိုး တကယ်ကြီး ကုန်းစွင့်နာမည် တပ်ထားတာပဲ။ ပြောရရင် ပွဲလာဧည့်သည်တွေကို ကောင်းအိုကြီး ဖိတ်ဝာာလား? ဒါမှမဟုတ် CEOလေးကောင်း ဖိတ်လိုက်တာလား?

ဘေးနားက စုန့်ရှန်းတစ်ယောက် ကုန်းစွင့်ဇီပိုင်ကို လေသံတိုးတိုးလေးနဲ့ ရှင်းပြလိုက်တယ် :: "ကုန်းစွင့်ရှုရှု သိ‌အုံးမှာ မဟုတ်ဘူး။ အဲ့သတို့သမီးက CEOကောင်းအိုကြီးရဲ့ နောက်မယားလေ။"

ကုန်းစွင့်ဇီပိုင်တစ်ယောက် ထိုင်ခုံမှာ နေရာတကျ ထိုင်ပြီးရုံရှိသေး၊ သူ့မျက်နှာအမူအရာလည်း ချက်ချင်းလက်ငင်းဆိုသလို ပျက်ယွင်းသွားပါလေရော။ သူ့ဘေးနားက ပိုလို့တောင် အတွေ့အကြုံနည်းတဲ့ ကုန်းစွင့်ပိုင်ကတော့ ထပါအော်မိတော့မလို့။

"ဘ...ဘာ?" တော်သေးလို့ မြန်မြန် သတိပြန်ကပ်ပြီး သူ့အသံကို အုပ်ထားနိုင်လိုက်လို့ပေါ့။

စုန့်ရှန်းက ရုန်ချင်းကို လှမ်းကြည့်တယ်။ ရုန်ချင်းက မျက်ဆံလည်ပြလိုက်တယ်။

မင်း ပြောလို့ပြီးမှ ငါ့ကို အခုလို လာကြည့်နေတာ ဘာသဘောလဲ? ဘာပဲဖြစ်ဖြစ် CEOလေးကောင်းက ခဏနေရင် ပွဲရှာတော့မှာပဲကို။ ကုန်းစွင့်တွေကို ပေးသိလိုက်လည်း ဘာမှဖြစ်သွားမှာမှ မဟုတ်တာ?

သူ့မျက်နှာထားကို သဘောပေါက်သွားတဲ့ စုန့်ရှန်းတစ်ယောက် အတင်းအဖျင်းသရဲ ဝင်စီးသွားသလို ချက်ချင်း အနားပိုတိုးလာတယ်။ သူ့မျက်လုံးနှစ်ဖက်အောက်က အိတ်မည်းကြီးတွေကတောင် သူ့စိတ်လှုပ်ရှားမှုကို ဖုံးမထားနိုင် :: "CEOလေးကောင်းက ပြောတယ်၊ အဲ့သောက်အဖိုးကြီးက ရှက်ကြောပြတ်လွန်ပြီး သူ့ကို မိထွေးနဲ့ ပေးစားဖို့ လုပ်နေတာတဲ့!"

"စစ်စ်စ်---!" ကုန်းစွင့်ပိုင်တစ်ယောက် လေအေးတစ်ချက် ရှိုက်သွင်းလိုက်လေရဲ့။ သူ တောက်ပလန်းဆန်းနေတတ်တဲ့ မျက်ဝန်းပိုင်ရှင် ရှုရှုကို ချက်ချင်း လှည့်ကြည့်လိုက်တယ်။ သူ့ရှုရှုက ဒီကမ္ဘာပေါ်က အတွေ့ကြုံ အသစ်တစ်မျိုး ရဖို့ သူ့ကို ဒီပွဲဆီ ခေါ်လာတာ။ အတွေ့ကြုံ အသစ်ဆိုတာ ဒါကို ပြောချင်တာပေါ့ ! သူ အလင်းပွင့်သွားပါပြီ !

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now