[Unicode]
မနေ့ညက တကယ်ပဲ ဗိုက်ဆာနေလို့လားမသိ ရုန်ချင်းတစ်ယောက် အကောင်းဆုံး ညစာကို စားလို့လည်း ပြီးရော နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလိုက်တာ နိုးလာတော့ ချက်ချင်း တက်ကြွလန်းဆန်းပြီး အားအင်အပြည့်။
ဖြစ်ချင်တော့ နှစ်ပတ်လည် partyပွဲအပြီးမှာ သူ အော်ဒါတင်လိုက်တဲ့ Maseratiကားသစ်လေးအကြောင်း ဖုန်း တန်းဝင်လာတယ်လေ။
ကားသစ်လေး ရောက်လာပြီ !
ရုန်ချင်းရဲ့ စိတ်အခြေအနေတွေက ပိုလို့တောင် ကောင်းမွန်လာတော့တယ်! ပျော်ရွှင်တက်ကြွစွာဖြင့် ကားသစ်လေးကို သွားယူပြီး တစ်ပတ်ပတ်စီးလိုက်သေးတယ်။
အိုင်း! ပြောစရာကို မလိုပါဘူးကွာ။ ကားသစ်လေးကို စီးရတဲ့ခံစားချက်က တကယ် သောက်ရမ်း စိတ်ကျေနပ်စရာကောင်းချက်!
ဟိုနားသည်နား လျှောက်ပတ်စီးပြီးနောက် ရုန်ချင်းတစ်ယောက် ကားသစ်လေးပေါ်က ခွာဖို့ နည်းနည်းလေး တွန့်ဆုတ်နေမိတယ်။ တစ်ခဏလောက် တွေးကြည့်ပြီးတော့ သူ့ရဲ့ကားသစ်လေးကို ဓာတ်ပုံရိုက်ပြီး gpထဲ ပို့လိုက်တယ်။
[ နှလုံးသားမဲ့တဲ့ ပိုက်ဆံထုတ်စက်များ တပ်စု ]
ကြီးမြတ်လှသော ရုန်ဘောစိကြီး :: [ငါ ရှေ့ရက်တွေတုန်းက အော်ဒါတင်ထားတဲ့ Maseratiကားသစ်လေးကို သွားခေါ်လာတာလေ။ ကားချစ်သူတစ်ဦးရဲ့ ဘဝက ဂိုထောင်ထဲမှာ Maseratiလေးတစ်စီးတောင် မရှိရင် ပြည့်စုံမှာမဟုတ်ဘူးကွ အာ]
အငိုလွယ်သော CEOလေးကောင်း :: [....တစ်ဖက်လူက လုံးဝစကားမပြောချင်တာကြောင့် သံပုရာသီးတစ်လုံးကို သင့်ဆီ ပစ်ပေါက်လိုက်ပါတယ်]
သနားစရာ စုန့်မင်းသားလေး :: [ဟမ်? ခင်ဗျားဆီမှာ Maseratiကားရှိပြီးသားမလား? ဘာလို့ နောက်တစ်စီး ထပ်ဝယ်လိုက်ရတာလဲ?]
?
ငါးစာဟပ်မိပြီလေ!
စုန့်ရှန်းအဖြေစကားကို မြင်တော့ ရုန်ချင်းတစ်ယောက် ချက်ချင်း အားတက်သွားတယ်။
ကြီးမြတ်လှသော ရုန်ဘောစိကြီး :: [အိုင်း အဖြစ်ကတော့ ရှေ့ရက်တုန်းက ငါတို့ကုမ္ပဏီရဲ့ နှစ်ပတ်လည်partyပွဲ ရှိပါရောလား? ဆုကြီးအဖြစ် ငါ့ကားဂိုထောင်ထဲက ကားတစ်စီးကို ကျပန်းစနစ်နဲ့ မဲဖောက်ဖို့ ခွင့်ပြုပေးလိုက်တယ်လေ။ ဒီလိုနဲ့ပဲ ငါ့ရဲ့ လောလောလတ်လတ် Maseratiလေး အရွေးခံလိုက်ရတာပဲ။ တစ်စီးပေးလိုက်ရတော့ နောက်တစ်စီး ထပ်ဝယ်ရတော့တာပေါ့ကွာ]
YOU ARE READING
Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ I do not own the novel. All credits go to the original author. Start Dat...