[ 1 0 1 ]

5.2K 961 36
                                    

[Unicode]

ရုန်ချင်းခြေထောက်တွေ တကယ် ဂျယ်လီလို ဖြစ်သွားတာ။ လင်းကျီတစ်ယောက် ချူးခယ့်ရဲ့ ရိုက်ကူးရေးအဖွဲ့ထဲ မဝင်ရသေးတာ တော်သေးလို့ မဟုတ်ရင် ပေါင်၁၂၀ပဲ ရှိတော့မယ့် လင်းကျီက ရုန်ချင်းကို အိမ်ပြန်လမ်းတစ်လျှောက်လုံး ချီသွားဖို့ဆိုတာ သေချာပေါက် မဖြစ်နိုင်တော့ဘူးလေ။ သူ ရုန်ချင်းကို ဆိုဖာပေါ် တင်ပေးတဲ့အပြင် ဖိနပ်ပါ ကူလဲပေးလိုက်သေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လင်းကျီက အခွင့်အရေး ဆုံးစရာမှ မရှိတာ။

ရုန်ချင်းကို ဆိုဖာပေါ် တင်ပေးပြီးတဲ့နောက် လင်းကျီက အပြုံးတစ်ပွင့်နဲ့ အနားကပ်သွားတယ်။ ရုန်ချင်းခန္ဓာကိုယ် တောင့်တင်းသွားပေမဲ့ မလှုပ်မယှက် တည်ငြိမ်ချင်ယောင်ဆောင်နေပါသေးတယ်။ အဲ့တော့ သူ့နားရွက်လေး အနမ်းခံလိုက်ရတာပေါ့။

ရုန်ချင်းနားရွက် နီရဲတက်လာတယ်။ သူ တစ်ခဏလောက် တင်းခံနေပြီးမှ လုံးဝ မထိန်းနိုင်တော့ဘဲ အသံတိုးတိုးလေးနဲ့ ပွစိပွစိ ပြောတော့တယ် :: "မင်း အခု စိတ်သောကရောက်နေတဲ့ လူတစ်ယောက်ကို အခွင့်ကောင်း ယူနေတာပဲ။"

ဒယ်ဒီ မင်းကို နမ်းခွင့်တောင် မပြုရသေးဘူးလေ! ဒါတောင် မင်း ဆက်နမ်းနေသေးတယ်ပေါ့လေ! မင်း တောင်းလည်းမ‌ဆိုဘဲနဲ့ !

"တကယ်? ဘယ်မှာလဲ စိတ်သောက က?" လင်းကျီက သူ့ကို ခပ်ပြုံးပြုံး စိုက်ကြည့်ရင်း ရုန်ချင်းဖိနပ်တွေကို ကူလဲပေးကာ သွားသိမ်းလိုက်တယ်။

ရုန်ချင်း ဆွံ့အသွားရတယ်။

သူ့ခြေထောက်တွေ ဂျယ်လီလို ဖြစ်သွားတာကို မင်း အခွင့်ကောင်း လာယူနေတယ်လို့ ပြောလိုက်ရမှာလား?! မရဘူး! သေချာပေါက် ပြောလို့်မဖြစ်ဘူး! ဘယ်လောက်ပဲ မှန်နေပါစေ ဒယ်ဒီ လုံးဝ ဝန်မခံနိုင်ဘူးကွာ! ငါ ဝန်မခံရင် ဘယ်တော့မှ မဖြစ်ခဲ့သလို ဟန်ဆောင်နေလို့ရတယ်!

သူ ဆွံ့အသွားတာ မြင်တော့ လင်းကျီ ရယ်ချင်လာသလို ခံစားရပြီး ထပ်ဖြည့်ပြောလိုက်တယ် :: "ပြီးတော့ ခင်ဗျား ရှောင်တောင်မရှောင်ဘူးလေ၊ အဲ့တော့ ကျွန်တော်လည်း အသံတိတ် ခွင့်ပြုနေတာ‌ဆိုပြီး ယူဆလိုက်တာပေါ့။"

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now