[ 1 0 9 ]

4.3K 774 31
                                    

[Unicode]

ရုန်ချင်းတစ်ယောက် emailကို ဖွင့်ကြည့်ပြီးတဲ့နောက် ဖုန်းကို လွှင့်ပစ်လိုက်တယ်။

အိုင်း အေးတိအေးစက်နဲ့ အကြင်နာမဲ့လိုက်တဲ့ လက်ထောက်ချုပ်ဟယ်ပါလား! နှစ်ကူးတော့မယ်၊ သူ့ခေါင်းထဲ ကြောင်ဘောနပ်စ်တွေနဲ့ပဲ ပြည့်နေလိုက်တာများ!

ဖွီ ! ငါးဆားနူကောင်!

နှစ်ကူး‌နေပြီ၊ ဒါတောင် မင်းက ဒယ်ဒီ ဘာလုပ်နေလဲ လာမကြည့်သေးဘူးပေါ့လေ! မင်းကြောင်ဘောနပ်စ်တွေ ငါ ပြန်သိမ်းပစ်မယ်!

အချိန်တစ်ခုလောက် မျက်နှာကျက်ကို ပက်လက်လဲ ကြည့်နေရင်း ပွစိပွစိ ပြောကာ အိပ်ရာပေါ်က မြန်မြန်ရွေ့ပြီး သူ့ဖုန်းကို လှမ်းဆွဲလိုက်တယ်။

သူ နောက်တစ်ခေါက် ထပ်ကြည့်လိုက်တယ်။

ကျစ် လက်ထောက်ချုပ်ဟယ်ကတော့ ထင်ထားတဲ့အတိုင်းပဲ ဂရုထဲ အောင်အောင်မြင်မြင် ထိုးဖောက်ဝင်နိုင်ခဲ့တာပဲ။ တကယ် သောက်ရမ်း အထင်ကြီးစရာပဲ။

အခုလက်ရှိ CP ဖန်တွေ တစ်ဒါဇင်လောက်ပဲလား ဒါမှမဟုတ် အဲ့ထက်တော့ ပိုများလာလောက်ပြီဟုတ်? ဒီတိုင်းသာ ဆက်တိုးလာမယ်ဆို နောက်နောင် ရာချီ ထောင်ချီ သောင်းချီ ဖြစ်လာတော့မှာပေါ့နော်?

ရုန်ချင်း အနည်းငယ်‌လောက် တတွတ်တွတ် ရေရွတ်ရင်း လက်ထောက်ဟယ်ရဲ့ icon ကို စိတ်အားထက်သန်စွာ နှိပ်ကာ ကြောင်ဘောနပ်စ် ပို့ပေးလိုက်တော့တယ်။

တာဝန်သာ ချောချောမွေ့မွေ့ ပြီးနိုင်သရွေ့ မင်းစိတ်ကြိုက် ကြောင်ဘောနပ်စ်တွေ ရမယ်ကွာ!

ပိုက်ဆံအနည်းငယ် ထပ်သုံးပြီးနောက် ရုန်ချင်းတစ်ယောက် လူချမ်းသာတွေအတွက် သီးသန့်ရှိနေတဲ့ ဒီပျော်ရွှင်မှုမျိုးကို ခဏတာ ခံစားလိုက်ရတယ်။ ဒါပေမဲ့ ငါးမိနစ်တောင် မကြာလိုက်ဘူး၊ အရသာမဲ့သွားပြီ။

ဒီလိုပျော်ရွှင်မှုမျိုးက တကယ် တိုတောင်းလွန်းတယ်! ကြာကြာမခံဘူး! ဒယ်ဒီက ပိုကြာရှည်ခံမယ့် ပျော်ရွှင်မှုမျိုးကို လိုချင်တာ!

ဟိုလိမ့်သည်လိမ့် လုပ်ရင်း ရုန်ချင်းတစ်ယောက် သူ့လက်မောင်းကို ဆန့်ကာ ခုတင်ဘေးစားပွဲပေါ်က ရွှေရောင်ကြက်လှောင်အိမ်လေးကို လှမ်းယူလိုက်တယ်။ သူ သော့ခလောက်ကို တိတ်တိတ်လေး ဖွင့်လိုက်တယ်။ နှုတ်ခမ်းတင်းတင်းစေ့ထားရင်း အထဲက စာရွက်ပိုင်းလေးကို ဂရုတစိုက် ထုတ်လိုက်တယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now