[ 3 1 ]

9.8K 1.7K 56
                                    

[Unicode]

လင်းယွဲ့တစ်ယောက် ဒီငနာကောင်လေးကို တကယ် ရိုက်ပစ်ချင်နေ‌ပေမဲ့ သူ ညီအစ်ကိုချစ်မေတ္တာအပြည့်ကို ပြသထားတုန်းပဲ။ "မင်းရဲ့ယောက်ဖက ငါ့ကိုချစ်တော့ ငါ့ကို အကောင်းဆုံး ပိုးပန်းတော့တာပေါ့။ နောက်ဆုံးတော့ ငါလည်း စိတ်လှုပ်ရှားသွားပြီး သူ့ကို ပြန်ကြိုက်လိုက်တော့တာပဲ။ " ......မဟုတ်ဘူး!!

ဒီလူကြီးနဲ့ ငနာကောင်လေးက ဗီဇချင်းတူတူပဲ။

ထိုသူက သေချာပေါက် အရင် စိတ်ဝင်စားတာဆိုပေမဲ့ လင်းယွဲ့ကို လှည့်စားပြီး သူကပဲ အဲ့ဒီကလိမ်ကကျစ်လူကြီးကို အရင်ချစ်သွားသလို မှားတွေးမိအောင် လုပ်တယ်။ ရလဒ်ကတော့ ပြောင်းပြန်အ‌နေနဲ့ လင်းယွဲ့က ထိုလူကြီးနောက် အရူးအမူး လိုက်တော့တာပဲ။ သူတို့တွေ အတူတူ ရှိနိုင်တော့မှပဲ လင်းယွဲ့တစ်ယောက် ဒီကလိမ်ကကျစ်လူကြီးရဲ့ သရုပ်မှန်ကို ရှာတွေ့တော့တာ။

အဖြစ်အပျက်ကို တွေးကြည့်တာနဲ့တင် လင်းယွဲ့ဦးရေပြားတွေ ထုံထိုင်းလာရတယ်။

ဒီလူကြီးရဲ့နည်းလမ်းတွေက သောက်ရမ်းထိပ်တန်းကျလွန်းတယ်။ သူ့ခန္ဓာကိုယ်ရဲ့ ဝမ်းတွင်းအသိက သူ့ရဲ့ အကြောင်းရင်းထက်တောင် ပိုမိုမြန်ဆန်နေသေးတယ်။

အဲ့လူကြီးက သူ ငါ့ကို ကြိုက်ရဲ့လားတောင် မသိသေးဘဲနဲ့ ဘယ်လိုထောင်ချောက်ဆင်ပြီး ငါ့ကို ခုန်ချခိုင်းမလဲဆိုတာ သိနေပြီးသားပဲ! ထွီ!

လင်းကျီ မသင်္ကာစွာ ကြည့်လိုက်တယ် "အဲ့လိုလား?"

ဒါပေမဲ့ သူ ရုန်ချင်းကို ချစ်လား မချစ်လားဆိုတာ ခုထိ မသေချာသေးဘူးလေ။ ရုန်ချင်းကို ပိုးပန်းရမယ်? ရုန်ချင်း သူ့အပေါ် ကြွေကျလာအောင် ဘယ်လိုတွေများ ပိုးပန်းရမှာပါလိမ့်?

အချိန်တစ်ခုကြာ တွေးတောပြီးနောက် လင်းကျီ ? တစ်ခုကို တဖြည်းဖြည်း ပြလာခဲ့တယ်။

အနက်ရောင် အလှလေးတစ်စီး ပိုင်ရမှာလား? ဆယ်သန်းတန် ဇိမ်ခံကားတစ်စီးလား? ဒါမှမဟုတ် water park တစ်ခုလား?

လင်းကျီမျက်နှာတစ်ခုလုံး သံသယများနဲ့ ပြည့်နေတာ မြင်တော့ လင်းယွဲ့ မျက်လုံးလှန်လိုက်တော့တယ်။ လင်းယွဲ့ဘေးက လူကြီးကတော့ စကားတစ်ခွန်းမှ မဆိုဘဲ ပြုံးရင်း တွေးနေမိတယ်, သူ အရင်တုန်းက လင်းယွဲ့ကို အဲ့လိုမျက်လုံးမလှန်ဖို့ အကြိမ်ပေါင်းများစွာ သတိပေးဖူးတယ် ဒါလည်း သူ ဆက်လုပ်နေသေးတာပဲ။ ခုနက အလိမ်အညာစကားကိုပါ ထည့်ပေါင်းလိုက်ရင် သူ လင်းယွဲ့ကို ဒီည ဘယ်လို အပြစ်ပေးသင့်လဲ?

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now