[Unicode]
သုန်းရှင့်ချိန် ဖြစ်သည်။
မနက်စောစောစီးစီး ရုံးထဲမှ ဝန်ထမ်းများအားလုံး အတူတကွ ဝိုင်းဖွဲ့ပြီး ကျယ်ကျယ်လောင်လောင် အော်ဟစ်ဆွေးနွေးနေကြတယ်။
[ ဟေး ငါ ကြားတာတော့လေ အယ်ဒီတာချုပ်က အဲ့လူအကြောင်းကို မနေ့က ကိုယ်တိုင် ဆောင်းပါးရေးတင်ခဲ့တာတဲ့လေ။ မင်းတို့ ဘယ်လိုထင်ကြလဲ? အတုလား အစစ်လား?]
[ အတုလားအစစ်လား? နင် မမြင်ဘူးလား? အပြင်ကို ထုတ်လွှင့်ပြီးနေပြီလေ! ]
[ မဖြစ်နိုင်တာ! သူက အဲ့လောက်ရဲတင်းပါ့မလား?အဲ့တာ.....ရုန်မိသားစုလေ! ]
[ ဟာ.... ] အသက်ပိုကြီးပုံရတဲ့ အမျိုးသမီးဝန်ထမ်းကြီးက သူ(မ)မျက်မှန်ကို ပင့်တင်ကာ [ငါတို့ အယ်ဒီတာချုပ်က ဘာကိစ္စ ကြောက်ရမှာလဲ? သုန်းရှင့်စတင်တာကို နင်တို့ ဘယ်လိုထင်လို့လဲ? အဲ့တာ ငါတို့ရဲ့အယ်ဒီတာချုပ်က သတင်းအချက်အလက်အားလုံးကို စုဆောင်းထားလို့ပဲ]
[ဟက်? ဟုတ်တော့ဟုတ်ပေမဲ့ အဲ့တာ ရုန်ကော်ပိုရေးရှင်းလေ! မင်းတို့တွေ မကြားဖူးကြတာလား? သူ့ရဲ့လက်အောက်မှာ အကောင်းဆုံး ရှေ့နေ့အဖွဲ့ရှိတယ်တဲ့?]
[ အိုက်ယား ငါတို့ကြားဖူးဝောာ့ရော ဘာလုပ်လို့ရမှာလဲ? အယ်ဒီတာချုပ်က ဆောင်းပါးရေးချင်တာလေ, ငါတို့လို လက်အောက်ငယ်သားတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခုများ ကွန်ပလိန်းတက်နိုင်မှာတဲ့လား?]
[ဒါပေမဲ့ မင်းတို့တွေ ရှင်းရှင်းလင်းလင်း နားမလည်ကြသေးတာလား? ရုန်ကော်ပိုရေးရှင်းတစ်ခုတည်း မဟုတ်ဘူးလေ။ သူက စုန့်မိသားစု ကောင်းမိသားစု နဲ့ သင်္ဘောဘုရင်ကိုပါ တစ်ပြိုင်နက်တည်း ဆန့်ကျင်လိုက်တာလေ!]
[စစ်....!]
[မဖြစ်နိုင်တာ?]
[သူ သေချင်နေတာလား?]
[ငါ့မှာ နှုတ်ထွက်ဖို့ အချိန်ရှ်ိသေးလား?]
[သူ့မှာ စိတ်ရောဂါတစ်ခုခုများ ရှိနေတာလား?]
[ငါ့အမြင်တော့ မင်းတို့ကောင်တွေကမှ စိတ်ရောဂါရှိနေတဲ့ သူတွေပဲ!]
DU LIEST GERADE
Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}
RomantikDon't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ I do not own the novel. All credits go to the original author. Start Dat...