[ 3 8 ]

9.6K 1.8K 53
                                    

[Unicode]

လင်းကျီက အေးခဲသွားပြီးနောက် ရုတ်တရက် ထရယ်လာခဲ့တယ်။ သူ့ရဲ့ ရမ္မက်သွေး ကြွစေတဲ့ အသံက ဖုန်းထဲကနေ ပျံ့လွင့်လာပြီး ရုန်ချင်းနားထဲ တိုးဝင်လာခဲ့တယ်။

ဘယ်နားမှာ ရယ်စရာပါလို့လဲ?!! အားး! မင်းရယ်သံက အရမ်းနားထောင်လို့ ကောင်းနေရင်တောင် မဟုတ်သေးဘူးလေ! မင်းပါးစပ်ကို ဒယ်ဒီအတွက် ပိတ်ထားလိုက်စမ်း! ဝူးဝူး

ရှက်စရာကောင်းလိုက်တာ

အရမ်း ရှက်ဖို့ကောင်းတယ်။

ငါ ပိတ်ပြီကွာ ။

ရုန်ချင်းက ဖုန်းကို ကောက်ကိုင်ပြီး ဖုန်းကင်မရာကို စားပွဲပေါ် မှောက်ချထားလိုက်တယ်။

မရတော့ဘူး။ မင်း ဒီဒယ်ဒီမျက်နှာကို ဘယ်တော့မှ ထပ်မမြင်နိုင်တော့ဘူး!!

လင်းကျီက screenတစ်ခုလုံး မည်းမှောင်နေတာကို ကြည့်ပြီး ထူးထူးဆန်းဆန်း ပိုလို့တောင် ရယ်ချင်လာရတယ်။ ဘာကြောင့်မှန်းမသိ , ရုန်ချင်းတစ်‌ယောက် လက်တွေ့ဆီ လွတ်မြောက်‌ဖို့ ကြိုးစားနေပုံလေးကို သူ စိတ်ကူးကြည့်နိုင်တယ်။

တကယ်ကိုပဲ.....အရမ်း ချစ်ဖို့ကောင်းလွန်းတယ်။

သို့သော်လည်း သူက screenအမည်းကြီးကိုပဲ မြင်နေရတာကြောင့် သူသာ ဇွတ်လုပ်မိရင် ရုန်ချင်း သူ့ကို ဖုန်းချသွားမှာ စိုးရိမ်ပါတယ်။ ဒါကြောင့် လင်းကျီတစ်ယောက် လွန်စွာ အမြော်အမြင်ကြီးကြီးနဲ့ ခေါင်းစဉ်ပြောင်းလိုက်တယ်။

[ ကျွန်ဝောာ့်အေးဂျမ့်က ဆောင်းပါးတစ်ပုဒ် ပေးလာတယ်။ ရှောင်းဇီချီ .....ဒီတစ်ကြိမ်မှာ လွတ်မြောက်သွားပုံပဲ။ ]

အဲ့ဆောင်းပါးထဲမှာ ရှောင်းဇီချီအကြောင်း လုံးဝ မပါဘူး။

ရုန်ချင်းက ဖုန်းကို ပြန်လှန်ရင်း "ဘယ်လို?"

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? အဲ့အချိန်တုန်းက ရှောင်းဇီချီက သောက်ရမ်းမူးနေတာလေ!

‌လင်းကျီက ရုန်ချင်းတစ်ယောက် မျက်နှာပြလာတာ မြင်တဲ့အခါ ရုန်ချင်းရဲ့ ရှက်သွေးဖြာနေသော နားရွက်နီနီနှစ်ဖက်မှ အကြည့်မခွာနိုင်တော့ဘူး။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now