[ 3 3 ]

9K 1.8K 60
                                    

[Unicode]

သူ့ကို စိုးရိမ်နေသော ကျူးရွှင်ကို လက်ခါပြရင်း လင်းကျီ အံကြိတ်လိုက်တယ်။ အရင်တစ်ခေါက်က သူ့ယောက်ဖပြောခဲ့တာကို အမှတ်ရသွားပြီး ပြန်စာပို့လိုက်တယ်။

[ ကျွန်‌တော် စီစဉ်လိုက်ပါ့မယ်။ ]

အချိုကဲလွန်းတဲ့ ချောကလက်နွေးကို တစ်ငုံသောက်ကာ ကောင်းနင်းတစ်ယောက် message ကို စိတ်ကျေနပ်စွာ ကြည့်လိုက်တယ်။ မဆိုးဘူး။ လင်းကျီလို သဘောပေါက်လွယ်သူတွေကို သူ(မ)  သဘောကျတယ်!

အပိတ်ပါတီက အဆုံးသတ်ရောက်တဲ့အခါ လူအများကြီး အရက်မူးကာ စတင်ဗရုတ်ကျလာကြပြီး ဂိမ်းကစားကြဖို့ ဆူဆူပူပူ အော်ဟစ်တော့တယ်။  ဒီလူတွေပုံစံက သတင်းထဲ ပါလာမှာကို မကြောက်ကြသလိုပဲ။ အဲ့နောက် ဘီယာသုံးကတ်ကို ယူလာခိုင်းတော့တယ်။

ဒါတင်မကသေးဘဲ အချိန်တစ်ခုကြာ အော်ဟစ်သောင်းကျန်းပြီးနောက် သူတို့တွေ truth or dare ကစားချင်တယ်လို့ ဆုံးဖြတ်ကြတယ်။

အခန်းထဲမှာ အရက်မမူးတဲ့သူဆိုလို့ လူအနည်းငယ်ပဲ ရှိတော့တယ်။ သူတို့မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားကြတယ်။ မိန်းမငယ်လေးတစ်ယောက်က ဟာသပြောပြီး ပြဿနာရှိသလိုလိုနဲ့ စောစောပြန်ဖို့ ထရပ်တော့တယ်။

သူ(မ)ဘေးက အမူးသမားက သူ(မ)ကို တင်းတင်းကြပ်ကြပ် ပြန်ဆွဲထားတယ် :: "မသွား မသွားရဘူး! ပျော်စရာက အခုမှစတာ။ မင်း ဘာလို့ အလောတကြီး ပြန်ချင်နေရတာလဲ?"

" အမှန်ပဲ။ ဒါက အကောင်းဆုံးအချိန်ပဲ။ ဟုတ်တယ်မလား အန်ကယ်နျန်? " အပြုံးတစ်ပွင့်ကို ဆင်မြန်းထားတဲ့ ရှောင်းဇီချီက ဘီယာတစ်ခွက်ကိုင်ပြီး လျှောက်လှမ်းလာတယ်။ သူ့ရဲ့မျက်နှာသေးသေးလေးက လုံးဝ နီရဲနေပြီး အရက်ဒဏ်မခံနိုင်ပုံ ပေါက်တယ်။ ဒါပေမဲ့ သူ့မျက်ဝန်းတွေကတော့ ကြည်လင်နေပြီး သူ ခုထိမမူးသေးမှန်း ကျိန်းသေပေါက် သိနိုင်တယ်။

ထိုမိန်းကလေးက အမူးသမားရဲ့အားမှ မလွတ်နိုင်တာကြောင့် သူ(မ)ဒေါသကိုသာ ပြန်မျိုချပြီး ခေတ္တပြန်ထိုင်လိုက်ရတယ်။

ရှောင်းဇီချီ နဲ့ ဒါရိုက်တာနျန်က ကျီစားနောက်ပြောင်နေကြတယ်။ ထို့နောက် တစ်ခုခုကို ရုတ်တရက် သတိပြုမိသွားသလို သူ့ခေါင်းကို လင်းကျီရှိရာဆီ လှည့်ကြည့်လိုက်တယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Où les histoires vivent. Découvrez maintenant