[ 8 5 ]

6.5K 1.2K 58
                                    

[Unicode]

ဒီဖုန်းဘူးနှစ်ဘူးကို သူ့မားနဲ့ကျဲက လက်ဆောင်ပေးလိုက်တယ်လို့ ကြားတဲ့အခါ လင်းကျီတစ်ယောက် သူ့ရဲ့ ပုံမှန်အေးဆေးတည်ငြိမ်ခြင်းက ရှားရှားပါးပါး ယိုယွင်းသွားရတော့တယ်။

အဲ့နောက် သူ အားလျန့်လက်ထဲက ဖုန်းဘူးကို လှမ်းကြည့်ပြီး ဆွံ့အသွားသလို တိတ်ကျသွားလေရဲ့။

လူတစ်ယောက်က ဖုန်းငါးလုံးကို ဘယ်လိုလုပ် သုံးနိုင်မှာလဲ?

"ဒါကို ပြန်သွားလဲလိုက်ရင်ရော?" လင်းကျီက စိတ်လေစွာ ပြုံးပြပြီး အားလျန့်ဆီ မဖောက်ရသေးတဲ့ ဘူးကို ပြန်ပေးလိုက်တယ်။

သူက စုံတွဲဖုန်းဘူးကို ဖွင့်ပြီးသွားပြီ။ ဘာပဲဖြစ်ဖြစ် မဖွင့်ရသေးရင်တောင် သေချာပေါက် သွားပြန်လဲမှာ မဟုတ်ဘူးလေ။ ကျန်တဲ့ဖုန်းသုံးလုံးအတွက်ကတော့ သူ ဖုန်းငါးလုံးကို တစ်ပြိုင်နက် သုံးစရာအကြောင်းမှ ရှိမနေတာ။ ဒါပေမဲ့ နှစ်လုံးအတွက်ကတော့ သူ့မှာ ပလန်ရှိတယ်။

သူ့ဖုန်းကဒ်ကို ထုတ်ပြီး ပန်းနုရောင် ဖုန်းကို လှမ်းယူလိုက်တယ်။ ဒီအရောင်က ပန်းရောင်နုနုလေး။ အဝေးကကြည့်ရင် အဖြူရောင်နဲ့ ထူးမခြားနားပဲ။ အနီးကပ် ကြည့်မှပဲ ပန်းနုရောင်မှန်း သိနိုင်မှာ။

ရုန်ချင်းက နောက်တစ်လုံးဖြစ်တဲ့ အပြာရောင် ဖုန်းကို လက်ခံအုံးမှာ မဟုတ်ပေမဲ့ ရုန်ချင်းက အခု အနက်ရောင်ဖုန်းကို သုံးနေတာလေ။ ဒါကြောင့်မို့ လင်းကျီသာ ပန်းနုရောင်ဖုန်းကို အဖြူရောင်လို့ပဲ မှတ်ယူလိုက်မယ်ဆို သူတို့နှစ်ယောက် စုံတွဲဖုန်းကိုင်နေတယ်လို့ မှတ်ယူနိုင်တယ်မလား?

ဖုန်းလဲပြီးတာနဲ့ လင်းကျီက သူ့messageတွေကို စစ်ကြည့်လိုက်တယ်။ ချက်ချင်းပဲ ရုန်ချင်း ခရစ်စမတ်ညတုန်းက သူ့ဆီ ပို့ထားတဲ့ messageအတန်းလိုက်ကို မြင်လိုက်ရတယ်။

[ ခရစ်စမတ်သစ်ပင်က အဆင်သင့်ဖြစ်သွားပြီ~ မင်း ဘယ်အချိန် ရိုက်ကူးလို့ပြီးမှာလဲ? ငါ မင်းကို လာကြိုဖို့ လိုလား?]

[ ပုံ ၊ ပုံ ၊ ပုံ ]

[.....? ဟေး? မင်းတို့ ဒီနေ့ နောက်ကျတဲ့ထိ ရိုက်ကူးရေး လုပ်နေရတာလား?]

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}حيث تعيش القصص. اكتشف الآن