[ 6 9 ]

7.9K 1.5K 87
                                    

[Unicode]

[ ...အိုးမိုင်ဂေါ့ အားးး! ဒီလိုနတ်ဘုရားတစ်ပါးလို ဆွဲဆောင်မှုမျိုး! ဒီကောကောလေးက ဘယ်သူများပါလိမ့်? ဘုရားရေ စားချင့်စဖွယ် အဆင်လေးတော်! ငါတော့ သောက်ရမ်းကြွေသွားပြီ အားးး!!!]

[ ငါ နင်တို့ကို ဒီအမျိုးသားရဲ့ အချက်အလက် အပြည့်အစုံကို ရှာဖို့ အချိန်တစ်မိနစ်ပေးမယ်!!!]

[စောနက နိမိတ်ဖတ်နေတဲ့သူ ဘယ်ရောက်သွားပါလိမ့်? မြန်မြန်လေး ထွက်လာခဲ့ပါ! ငါ နင့်ကို တအားကျေးဇူးတင်တယ်! အိုးမိုင်ဂေါ့! ငါလေး supernatural အဆင့် ဆွဲဆောင်မှုမှာ ကြွေဆင်းသွားပြီလို့ !!!]

စောနက ပြည်သူလည်း ချက်ချင်း ခုန်ထွက်လာတော့တယ်။

[ကြည့်လေ! ငါ မင်းတို့ကို ပြောသားပဲ အန်းရန်က ဘာမှမဟုတ်ပါဘူးလို့! သူ(မ)ထက် အရေးပါတဲ့ပုဂ္ဂိုလ် ရှိနေတယ်မလား? ဒီအမျိုးသားကသာ ဒီred carpetရဲ့ နောက်ဆုံးပွဲတက်သူ ဖြစ်လောက်တယ် ဟုတ်တယ်ဟုတ်?!]

[ဒီလိုဆွဲဆောင်မှုမျိုး ဒီဝတ်စုံမျိုးကလေ သဘာဝရဲ့ဥပဒေကို တကယ်ကြီး ဖီဆန်နေပြီ။ ဒီကိစ္စအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ? ဥရောပတိုက်သား အလယ်ခေတ်မင်းသားတစ်ပါး ငါလေးဆီ မြင်းဖြူစီးပြီး လာနေတာလို့တောင် ခံစားနေရတယ်!]

[ ဟားဟားဟားဟား၊ အထက်က အစ်မရေ ကျေးဇူးပြုပြီး နိုးထပါတော့! အလယ်ခေတ်မင်းသားတွေကလေ တစ်နှစ်လုံး ရေမချိုးကြဘူးလို့! ဘာတွေများ တွေးနေကြတာလဲ?!]

[သူလေးက ဘူလေးလဲ? ငါ တအားသိချင်နေပြီ! သူက ငါတို့ရုပ်ရှင်အသိုင်းအဝိုင်းထဲက တစ်ယောက်ယောက်လည်း ဟုတ်ပုံမရဘူးနော်]

[ သူ ဟုတ်ဟုတ်မဟုတ်ဟုတ် အရေးမကြီးသေးဘူး။ စောနက အန်းရန်ဖန်တွေထဲက တစ်ယောက်က ဇောက်ထိုးျီးပါပြမယ်လို့ ကြွေးကြော်သွားတာမလား? အခု ထွက်လာခဲ့လို့ရပြီနော်။ မင်းရဲ့ liveလွှင့်မယ့် pageလေးကို လင်းပါအုံး!]

အန်းရန်ဖန်တွေကလည်း ချက်ချင်းတုန့်ပြန်တိုက်ခိုက်တော့တယ်။

[ငါတို့ရန်လေးက နောက်ဆုံးကြယ်ပွင့်ပဲ! ဒီလူက ဘယ်ချောင်ထဲက တွားသွားထွက်လာလည်းဆိုတာ ဘယ်သူသိမှာလဲ? သူ့ကိုယ်သူ ဘာများထင်နေလဲ?]

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now