[ 9 2 ]

5.6K 1.1K 89
                                    

[Unicode]

သောက်ကျိုးနည်း ရိုးရိုးသူငယ်ချင်း....

ဟယ်ချန်တစ်‌ယောက် စိတ်လေချင်သွားပြီ။

ဒီကလေးက တအားကြီး တုံးတဲ့ပုံလည်း မပေါက်ပါဘူးရော၊ ဒါဆို လူတွေကို တစ်ပတ်ရိုက်ဖို့ ရည်ရွယ်ချက်ရှိရှိ လွှင့်ထားတဲ့ စကားတွေကို ဘာကိစ္စ ယုံနေရတာလဲ?

ဒါပေမဲ့ သူ ချူးခယ့်ရဲ့ အံ့အားသင့် တုန်လှုပ်နေတဲ့ ငယ်ငယ်ရွယ်ရွယ် မျက်နှာကို ကြည့်ပြီး ရုတ်တရက် ပြဿနာကို နားလည်သွားတယ်။

ဒီကလေးက တအားငယ်နေသေးတာကိုး။ ဒါကြောင့်မို့ အတော်လေး ရိုးအဖြူစင်နေတာပေါ့?

ဟယ်ချန်ကတော့ နှစ်ပေါင်းများစွာ အတွေ့အကြုံ ရင့်သန်လာသူတစ်ယောက်။ သူ 'ရိုးအဖြူစင်တယ်'ဆိုတဲ့ စာလုံးကို ရေးတောင်မရေးတတ်တော့ဘူး။ ရည်မှန်းချက် ကြီးသူမို့ သူ သိဖို့လိုတဲ့ ကိစ္စအားလုံးကို ချက်ချင်း နားလည်အောင် လုပ်တတ်တာ သူ့အကျင့်။

ဒါပေမဲ့လို့ သူ ဒီရိုးအအကျောင်းသားလေး ချူးခယ့်ကို နားမလည်နိုင်ဘူးလို့ ဆိုလိုတာတော့ မဟုတ်။

သူ တည်တည်ငြိမ်ငြိမ် ရှင်းပြလိုက်တယ် :: "အမှန်ပဲ။ သူတို့က အခုထိတော့ ရိုးရိုးသူငယ်ချင်းတွေပဲ။ ဒါပေမဲ့ နောက်နောင် တအားမဖြူစင်တဲ့ ဆက်ဆံရေးအဖြစ် တိုးတက်ဖို့ အလားအလာ များတယ်။ အခုချိန်မှာ ဒီကိစ္စကို ရုန်ကော်ပိုရေးရှင်းရဲ့ အကြီးပိုင်းတွေပဲ သိကြတာ" သူ ချူးခယ့်ကို သွယ်ဝှက်အကြံပေးမှု အပြည့်ပါတဲ့ အကြည့်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်တယ်။

"ရုန်ကော်ပိုရေးရှင်းရဲ့ အကြီးပိုင်းတွေ ကျွန်တော်က?" ချူးခယ့် နားလည်သွားပုံ ပေါ်ပေမဲ့ နည်းနည်း မထိတ်လန့်ဘဲလည်း မနေနိုင်ပြန်။

သူ့ကို ထည့်တွက်တယ်? သူက သာမန်ဝန်ထမ်း အသစ်လေး မဟုတ်ဘူးလား?

ဟယ်ချန်က မျက်ခုံးပင့်ပြတယ် :: "အခု‌ဆို မင်း ရုန်‌ကော်ပိုရေးရှင်းရဲ့ ရုပ်သံမီဒီယာ ကုမ္ပဏီရုံးခွဲကို ကြီးကြပ်နေရပြီလေ။ ဒါကြောင့်မို့ မင်းလည်း ဒီအကြီးပိုင်းတွေ သိထားတဲ့ ကိစ္စတစ်ချို့ကို သိသင့်တယ်လို့ ငါ ထင်တယ်။ ဖြစ်မလာသင့်တဲ့ ပြဿနာတစ်ချို့ကို ရှောင်တိမ်းဖို့ မင်း ပိုနားလည်ထားသင့်တယ်။"

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now