[ 1 2 1 ]

4.2K 442 21
                                    

[Unicode]

ရုန်ချင်းတစ်ယောက် ကွက်ကွက်ကွင်းကွင်း ရှင်းပြနေရင်း သူ နားမလည်မှာ စိုးနေသလို လက်မောင်း၊ လက်ချောင်းတွေနဲ့ပါ အားမာန်အပြည့် သရုပ်ဖော်ပြနေတာကို ငုံ့ကြည့်နေတဲ့ လင်းကျီမျက်လုံးထဲမှာတော့ ရယ်မြူးရိပ်များဖြင့် ပြည့်နှက်နေလေရဲ့။

သူ ပြုံးလိုက်လိုက်ချင်း ရုန်ချင်းက လှုပ်ရှားမှုအကုန် ရပ်တန့်သွားကာ သူ့ကို ကြည့်လာတယ်။

ရုန်ချင်း :: .....?

ဘာဖြစ်တာလဲ ကောင်လေး? ဒယ်ဒီ ဒီလောက်အရှည်ကြီး ပြောပြပြီးပြီလေ! တစ်ခုခုတော့ ပြန်ပြောအုံးမှပေါ့ ! မင်း ဘာလို့ ပြုံးနေရတာလဲ?

ပြီးတော့ ဒယ်ဒီ အဖြစ်အပျက်တစ်ခုလုံးကို တစ်ယောက်တည်း ပြန်ပြောပြနေရတုန်း တစ်ဖက်မှာလည်း တစ်ချိန်တည်း မဟားတရား ချောမောကြည့်ကောင်းနေရတာ မလွယ်ဘူးလေ ဟုတ်ပြီလား? ဒယ်ဒီလည်း ပင်ပန်းတာပေါ့ ! ငါ့ကို အသံတိတ်ပဲ စိုက်ကြည့်မနေနဲ့တော့လေ!

လင်းကျီ ခံစားမိလိုက်တာ... သူ အခုဆို ရုန်ချင်းမျက်နှာအမူအရာကို နားလည်သ‌ဘောပေါက်တဲ့နေရာမှာ အမှတ်ပြည့် ဖြစ်သွားလောက်ပြီဆိုတာပါပဲ။ သူ့အပြုံးကို ပြန်ရုပ်သိမ်းကာ လေးနက်တည်ကြည်တဲ့ မျက်နှာထားမျိုး ပြောင်းလဲလိုက်တယ်။ တစ်ဖက်လူ ပြောပြခဲ့တာတွေကို တစ်ခဏကြာ စဉ်းစားကြည့်ပြီးတဲ့နောက် လင်းကျီက ရုန်ချင်းရဲ့ ဒေါသမီးတောက်ကို တည်တည်ငြိမ်ငြိမ် ငြှိမ်းသတ်နိုင်လိုက်လေတယ်။

"နေခင်းကြောင်တောင်ကြီး မိုးကြိုးပစ်ခံရတာ အဲ့ဒီရှောင်းဇီချီ ထိုက်တန်တယ်။ ပြီးတော့ သူ ဘာလုပ်ဖို့ ကြိုးစားခဲ့တာလဲ? တစ်ယောက်ယောက်ကို တစ်နှစ်အတွင်း ကိုယ်ဝန်ရအောင် လုပ်ပေးနိုင်တယ်ဆိုတာမျိုး ကျွန်တော် ဒီကမ္ဘာမှာ ကြားကိုမကြားဖူးဘူး။"

ဟုတ်တယ်ဟုတ် ?!

ရုန်ချင်းက သူ့ကို အလွန်အံ့အားသင့်စွာ စိုက်ကြည့်လာတယ်။

သူလည်း အဲ့စကားတွေက တစ်ခုခုလွဲနေပါလားလို့ တွေးမိခဲ့တယ်လေ! အရမ်း သံသယဝင်စရာကောင်းတာ! ပြီးတော့ အဲ့ဒီစုံတွဲပြဿနာက ဆေးသောက်ရုံနဲ့ ဖြေရှင်းနိုင်တာမှ မဟုတ်တာကို!

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now