[ 4 7 ]

8.5K 1.6K 190
                                    

[Unicode]

တစ်ယောက်တည်း ညစ်ညမ်းသူ မဖြစ်ဖို့အရေး ကောင်းကျားရွှမ်တစ်ယောက် စုန့်ရှန်းဆီလည်း စာပို့လိုက်တယ်။ ကံဆိုးတာက သူ စုန့်ရှန်းတစ်ယောက် ဘယ်လိုမျက်နှာအမူအရာ ရှိနေမလဲဆိုတာ ကိုယ်တိုင်ကိုယ်ကျ မမြင်ရတာပဲ။

စုန့်ရှန်း messageတစ်ခုကို လက်ခံရရှိခဲ့တယ်။

သူ့ရဲ့သုံးဖက်မြင်ပုံရိပ်ကြီး ယိုင်လဲလုနီးနီး ဖြစ်သွားရတယ်။ မယုံကြည်နိုင်စွာဖြင့် messageကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်တယ်။ ထို့နောက် သူ ဝက်ဆိုဒ် ဖြည်းဖြည်းချင်း ဖွင့်ပြီး ရှာဖွေလိုက်တယ်။ အထပ်တည်း တူညီသော ရှင်းလင်းချက် ××××page ကြီး သူ့မျက်စိရှေ့ ကျရောက်လာတော့တယ်။

ဖုန်းကို ဆတ်ခနဲ ကောက်ဆွဲရင်း ရှုပ်မဲ့နေသော မျက်နှာထားနဲ့ တစ်စုံတစ်ခုကို ဒေါသတကြီး စာရိုက်နေပြီးမှ တစ်စက္ကန့်လောက် ရုတ်ချည်း ဗလာဖြစ်သွားတယ်။ သူ screenကို နောက်တစ်ခေါက် ထပ်ကြည့်ပြီးမှ ဒေါသတကြီး ဆက်ရိုက်ပြန်တယ်။

ကောင်းကျားရွှမ်ကတော့ သူ့emailကို ဖွင့်ပြီး စာပြန်ဖို့ လုပ်နေတုန်း သူ့ရဲ့ WeChatကနေ ဖုန်းလာသလို တတောက်တောက်နဲ့ တရစပ် အသံမြည်လာတယ်။ screen တစ်ခုလုံး messageများဖြင့် ချက်ချင်း ပြည့်နှက်သွားတော့တယ်။

အိုဟိုး?

ဒါဆိုရင်...စုန့်ရှန်းလည်း.....ညစ်ညမ်းသွားပြီပေါ့လေ?

ကောင်းကျားရွှမ် :: ဟဲဟဲ

အဲ့ဒီနောက် သူ အသစ်ရောက်ရှိလာတဲ့ messageများကို ချက်ချင်း ဖျက်ပစ်လိုက်တော့တယ်။

?

ဘာတွေ ဖြစ်သွားတာလဲ? ဘယ်က messageလဲ?  သူ တစ်ခုမှ မမှတ်မိတော့ဘူး။

လင်းကျီက <<အသံတိတ် အစီရင်ခံစာ>> ရိုက်ကွင်းမှာ လဝက်လောက် ရိုက်ကူးပြီးတဲ့နောက် <<ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေ ကွာဟမှု>> ဇာတ်လမ်းတွဲမှာ နောက်ဆုံးတော့ တရားဝင် ထုတ်လွှင့်ပြသတော့မယ်။

သန်း၃၀ရဲ့ ကောင်းချီးကို ကျေးဇူးတင်ရမှာပဲ, <<ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေ ကွာဟမှု>>က ထိပ်တန်းအဆင့် တီဗီချန်နယ်တစ်ခုရဲ့ ရွှေနာရီအချိန်ကို ရထားတယ်။ အရင်က ကမ္ဘာကြီး တုန်လှုပ်စေလောက်တဲ့ ပရိုမိုးရှင်းကြောင့် ထိုညမှာ တီဗီစီးရီး ကြည့်ရှုရတာ က်ြုက်နှစ်သက်သူများအားလုံးက တီဗီရှေ့မှာ ထိုင်ရင်း မျှော်လင့်ကြီးစွာဖြင့် စောစောစီးစီး စောင့်စားနေကြတယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now