[ 2 9 ]

10.2K 1.8K 93
                                    

[Unicode]

နှာခေါင်းသွေး လျှံသွားတာကြောင့် ညစာစားနေတဲ့ တစ်ချိန်လုံး လင်းကျီက ရုန်ချင်းကို စိုးရိမ်နေတဲ့ အမူအရာနဲ့ အရိပ်တကြည့်ကြည့် လိုက်ကြည့်နေတော့တယ်။

ရုန်ချင်းလည်း သူ့ကိုယ်သူ စိုးရိမ်နေမိပါပြီ။

စာချုပ်ကြောင့် အဲ့ကိစ္စကို မလုပ်နိုင်တော့ သူလည်း အရမ်းရူးချင်လာပါပြီနော်?

အဆုံးမှာတော့ သူ ကြက်ဟင်းခါးသီး စွပ်ပြုတ်ကိုတောင် မှာလိုက်ရသေးတယ်။

အေးးး မေ့လိုက်တော့ မေ့လိုက်တော့။ ကြက်ဟင်းခါးသီးစွပ်ပြုတ်က အပူလျှော့တဲ့နေရာမှာ အကောင်းဆုံးပဲ။ အကျိုးကျေးဇူးကလည်း လိုက်မမှီနိုင်အောင်ပဲ။

ဒီလူနှစ်ဦးက သူတို့ရဲ့ ချိုမြိန်ပြီး အနည်းငယ် ခဲကတ်လှသော အချိန်အခါလေးကို တူတူပျော်ရွှင်ကြည်နူးနေကြတယ်။

တစ်ခဏလောက် အားလပ်‌နေတဲ့ ရှောင်းဇီချီတစ်ယောက်ကတော့ အံကြိတ်ရလွန်းလို့ သွားတွေတောင် ကျိုးထွက်တော့မလို ဖြစ်နေပြီ။ မနေ့က သူ ပြန်လာတော့ သူ့မှာ အခြားအရေးကြီးကိစ္စတွေ ရှိနေတာကြောင့် သူ သတိမပြုမိပေ။ ဒီနေ့မှ သူ့အေးဂျမ့်ဆီမှ ဖုန်းကောကို လက်ခံရခဲ့တယ်။

လင်းကျီက ကောင်းနင်းရဲ့ စီမံမှုအောက်ထဲ ရောက်သွားပြီ ဆိုတာကိုလည်း ကြားရော ရှောင်းဇီချီ မုန်းတီးလွန်းလို့ အံတင်းတင်းကြိတ်ထားခဲ့တယ်။

ဘာလို့လဲ?

လင်းကျီက ဒီလိုအရာတွေကို ဘာလို့များ လွယ်လွယ်ကူကူ ရနေရတာလဲ?! ဒါပေမဲ့ သူကတော့ ရှိသမျှ အကြံအစည်တိုင်းကို ထုတ်သုံးနေမှရတာလဲ?

သူ ပိုပိုပြီး တွေးကြည့်လေလေ မျက်နှာထားလည်း ပိုပြီး မည်းမှောင်လာလေလေပဲ။ သူ ကောင်းကျားရွှမ်ကို ဖုန်းဆက်လိုက်တယ်။

အထူး ringtone ဖြစ်တဲ့ ' badguy ' သီချင်းသံကြားတဲ့အခါ ကောင်းကျားရွှမ် သူ့လက်ထဲက ခွက်ကို ချပြီး အေးစက်စက် သရော်လိုက်တယ်။

နောက်ဆုံးတော့ သူ ပြန်ရောက်ပြီပေါ့။

" ကိုယ့်ကို ခေါ်တာ ဘာကိစ္စ? "

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}حيث تعيش القصص. اكتشف الآن