[Unicode]
ရုန်ချင်း ယုံကိုမယုံနိုင်ဘူး!
မဟုတ်ဘူး။
ရုန်ချင်း မယုံချင်တာ!
ဘာလို့လဲ!
သက်တော်စောင့် A ဒါရိုက်တာချူးခယ့်ကို သိတာထက် သူက ဝံပုလွေပေါက်လေးကို အရင် စောသိခဲ့တာလေ! အဲ့တာကို သက်တော်စောင့် A က မကြာခင် လက်ထပ်ခွင့် တောင်းခံရတော့မယ်တဲ့လား???
သူ single ဖြစ်နေတုန်းကိုလေ!
ခင်ပွန်းလောင်းတစ်ယောက် ရှိတော့ရှိနေပြီဆိုပေမဲ့လည်း !
အပြင်ပန်းမှာတော့ သူက single ဖြစ်နေတုန်းပဲလေ!
......ငါယိုး!
ဒီလိုယှဉ်ကြည့်လိုက်တော့ ! ဒယ်ဒီ တကယ်ကြီး ရှုံးသွားပြီပေါ့ !
ရုန်ချင်းအကြည့်က အရမ်းကို အန္တရာယ်အငွေ့အသက် များနေလို့လားမသိ သက်တော်စောင့် A နှုတ်ခမ်းက အနည်းငယ် လှုပ်သွားရကာ သူ့ကို ပြန်မေးလာတယ် :: "ဒါဆို ကျွန်တော်...လက်ထပ်ခွင့်ရက် ရနိုင်မလား?"
သူ lip reading ကနေတစ်ဆင့် ချူးခယ့် လက်ထပ်ခွင့်တောင်းမယ့် အစီအစဉ်ကို ရှာတွေ့ခဲ့တာ။ ချူးခယ့်က ဖေဖော်ဝါရီ ၁၄ရက်နေ့ Valentine day လောက်မှာ စီစဉ်ထားတာဆိုတော့ ဒါသာ အမှန်ဆို မကြာတော့ဘူး၊ တော်တော်လေး နီးနေပြီပဲ။
သက်တော်စောင့် A က စိတ်ထဲ တိတ်တဆိတ် တွက်ချက်ကြည့်နေတယ်။
ရုန်ချင်းနောက် လိုက်လာတဲ့ ဒီနှစ်တွေတစ်လျှောက်လုံး သူ ပိုက်ဆံတော်တော် စုမိခဲ့တယ်။ အရင်က သူ ရုန်ကော်ပိုရေးရှင်းရဲ့ ဝန်ထမ်းအိမ်ရာမှာ နေနေပေမဲ့ နောင်ဆိုရင်ရော သူ အိမ်ဝယ်သင့်တယ်မလား?
အိမ် ဝယ်ရတော့မယ်ဆို သူ ကားတွေလည်း ဝယ်ဖို့ လိုလာပြီ။ သူနဲ့ ချူးခယ့်က အလုပ်တက်ဖို့ မတူတဲ့ နှစ်နေရာကို သွားရမှာလေ။ သူ့ကားကတော့ ဈေးပိုပေါရမယ်။ ချူးခယ့်က ဒါရိုက်တာဖြစ်တော့မှာဆိုတော့ ပိုကောင်းတဲ့ကားလေး ယူသင့်တာပေါ့။
မင်္ဂလာဆောင်အတွက်ကိုလည်း အချိန်ကျလာရင် မင်္ဂလာပွဲကို ကျင်းပဖို့ ဘယ်နေရာက အကောင်းဆုံး ဖြစ်လောက်မလဲ? ဒိန်းမတ်ကိုတော့ ချူးခယ့် ခဏခဏ ထည့်ပြောဖူးတယ်။ သူ အခုပဲ ဒိန်းမတ်ကို သွားဖို့ လေယာဉ်လက်မှတ်တွေ မှာလိုက်သင့်ပြီလား? ဒါမှမဟုတ်...CEOရုန်ရဲ့ private jetကိုပဲ ငှားလိုက်တာ ပိုကောင်းမလား?
YOU ARE READING
Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ I do not own the novel. All credits go to the original author. Start Dat...