[Unicode]
"....တစ်နည်း ပြောရရင် trending ဝင်နေတဲ့ ပို့စ်က CEOရုန်အကြောင်းပေါ့?" ကောင်းနင်းတစ်ယောက် အခုချိန် စီးကရက်တစ်လိပ် မသောက်ရရင် သူ(မ) ဒီကိစ္စကို ကိုင်တွယ်နိုင်မှာ မဟုတ်တော့ဘူးလို့ ခံစားနေရတယ်။
အခု ဘာ...ဘာတွေ ဖြစ်ပျက်သွားတာလဲ?
သူ(မ)က ဒီနေ့ လင်းကျီတစ်ယောက် hot searchမှာ #1ပြေးနေတာကို မြင်လိုက်ရတဲ့အခါ တအားကိုမှ ပျော်ရွှင်ကျေနပ်သွားမိတယ်။ လင်းကျီက ကျော်ကြားမှုကို ငွေနဲ့ဝယ်ယူတတ်တဲ့ type မဟုတ်သလို သူ(မ)ကလည်း ဘာတစ်ခုမှ မလုပ်ထားတာကြောင့် ဒီtrendingက တကယ်အစစ်အမှန်ပဲ။
သူ(မ) တက်ကြွပျော်ရွှင်နေတုန်းရှိသေး လင်းကျီက သူ(မ)ကို ဖုန်းဆက်ပြီး ပို့စ်ကို ဖုံးဖိပေးပါလားလို့ တောင်းဆိုလာတယ်။
ဒါပေမဲ့ ဒါက ကြုံတောင့်ကြုံခဲ လတ်လတ်ဆတ်ဆတ် အသားတုံးကြီးလေ!
အစကတော့ ကောင်းနင်းတစ်ယောက် လင်းကျီရဲ့အတွေးတွေကို တကယ် လိုက်မမှီနိုင်အောင် ဖြစ်နေရတယ်။ ဒါပေမဲ့ အခုတော့ သူ(မ)က ဘာမှ နားမလည်လိုက်တာပဲ ကောင်းမယ်လို့ တွေးနေမိပါပြီ။
အချိန်အတော်ကြာတဲ့ထိ စိတ်ထဲမှာ ဝမ်းနည်းပက်လက် ညည်းညူနေပြီးနောက် သူ(မ)က ဆံပင်ကို ဗျာများစွာ လှမ်းကုတ်လိုက်ပြီး "ငါ နားလည်ပြီ။ ဒါပေမဲ့ ငါ ထင်တာ...ဒီလိုကိစ္စမျိုး trend ဝင်နိုင်တယ်ဆိုတာ CEOရုန်ဖက်က ဒါကို ဂရုမစိုက်လို့ပဲ။"
အရင်တည်းက သူတို့တွေက CEOရုန်လက်အောက်က PR teamရဲ့ အစွမ်းကို ကောင်းကောင်းနားလည်ပါတယ်။ CEOရုန်သာ ခွင့်မပြုရင် ဒီပို့စ်က trendဝင်နိုင်မှာတဲ့လား?
သူ(မ) တစ်ခဏလောက် တွေးတောကြည့်ပြီး လင်းကျီကို အရိုးသားဆုံး ပြန်ဖြေလိုက်တယ် :: "မင်း CEOရုန်နဲ့ အရင်ဆွေးနွေးကြည့်လိုက်ပါလား? သူက ရှိုးမှာတောင် တကူးတက ပါဝင်ပေးမှတော့ ဒီtrendingကလည်း မင်းကို ပေးချင်လို့နေမယ်?" မဖြစ်နိုင်တာမှ မဟုတ်တာ!
ဒီနေရာမှာတော့ ကောင်းနင်းတစ်ယောက် တကယ်လွဲသွားပါပြီ။
ရုန်ကော်ပိုရေးရှင်းရဲ့ PR teamက ဒီပို့စ်ကို မဖြုတ်ချရတဲ့ အကြောင်းရင်းကတော့ CEOရုန်ကြောင့် မဟုတ်ရပါပေ။ တကယ်တမ်း တစ်နှစ်လုံး ထင်မြင်ချက်စိတ်ကူးတွေအတွက် တာဝန်ရှိတဲ့ ဒုတိယကြီးကြပ်သူ လက်ထောက်ဟယ်ကြောင့်ပါပဲ၊ ဟယ်ချန်က ဒီကိစ္စကို ခွင့်ပြုပေးခဲ့တာပါ။
VOCÊ ESTÁ LENDO
Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ I do not own the novel. All credits go to the original author. Start Dat...