[ 9 6 ]

5.2K 1K 41
                                    

[Unicode]

ငါ့ဘဝကြီးက မဟားတရား ခါးသီးကြမ်းတမ်းလွန်းတယ်။

ကောင်းကျားရွှမ်တစ်ယောက် သက်ပြင်းကြီးစွာ ချလိုက်တယ်။

မနေ့က အဖြစ်အပျက်အတွက် သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးသွားပြီ။ ရုန်ချင်းရဲ့ PRအဖွဲ့ကိုတောင် ငှားပြီး အပီအပြင် ကြမ်းတော့မယ့် စစ်ပွဲကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီ။

ဒါပေမဲ့ သူ လုံးဝ မျှော်လင့်မထားတာက ရှိုးက အားလုံး ပြင်ဆင်ပြီးနေပြီ၊ ဒါမဲ့ သရုပ်ဆောင်တွေက ဇာတ်ညွှန်းကို မလိုက်နာကြဘူး!

ရုန်ကော်ပိုရေးရှင်း - ရုန်ချင်းရဲ့ ရုံးခန်း၌ ဖြစ်သည်။

"ဟားဟားဟားဟားဟားဟားဟား!"

ဒယ်ဒီတော့ အူတက်သေတော့မှာပဲ! သောက်!ကျိုး!နည်း!ဟေ့!

ကောင်းကျားရွှမ်တော့ သေချာပေါက် ဒေါပွနေလောက်ပြီ !

ဟားဟားဟားဟားဟားဟားဟား!

ရုံးခန်းထဲက ရုန်ချင်းတစ်ယောက် သူ့ဗိုက်သူ ကိုင်၊ စားပွဲခုံကို တဖက်ဖက် ရိုက်ရင်း မျက်ရည်ကျတဲ့ထိ အော်ရယ်နေလေရဲ့။ တံခါးနားမှာ ရပ်နေတဲ့ ဟယ်ချန်မှာ ၀.၂စက္ကန့်လောက် စဉ်းစားကြည့်ပြီး ဒီကို လုံးဝ ရောက်မလာဖူးသလို ပြတ်ပြတ်သားသား ပြန်လှည့်ထွက်လိုက်တယ်။

အခုက အလုပ်ကိစ္စ တင်ပြဖို့ အချိန်ကောင်း ဟုတ်မနေဘူး။ သူ့ကြောင်ဘောနပ်စ်လေး ဖြတ်ခံရကိန်း ဆိုက်သွားလိမ့်မယ်။

ရုန်ချင်းရှေ့မှာ ဖုန်းတစ်လုံး ထောင်ထားတယ်။ screenမှာ ပေါ်နေတာကတော့ အွန်လိုင်းသတင်းpg။

ကောင်းမိသားစုရဲ့ အုတ်အော်သောင်းတင်းကိစ္စကို အသိုင်းအဝိုင်းကြားထဲရော အပြင်လောကကပါ သေချာပေါက် သိသွားကြတယ်။ စီးပွားရေးchannelက ကောင်းကော်ပိုရေးရှင်းရဲ့ ခေါင်းဆောင်ပိုင်း ပြောင်းလဲမှုနဲ့ အနာဂတ် တိုးတက်နိုင်စွမ်းတွေကို အမှန်အကန် တိတိကျကျ ဝေဖန်ဆန်းစစ် တင်ပြခဲ့တယ်။

ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်ဖို့ ထိပ်စီးခေါင်းစဉ်တွေပေါ် မှီခိုတတ်တဲ့ အခြားသတင်းမီဒီယာတွေအတွက်တော့ သူတို့ တင်ဆက်ပုံက သေချာပေါက် သောက်ရမ်း ကလိမ်ကညစ်နိုင်တယ်။ ဘယ်လိုအရည်အချင်းတွေနဲ့ လူက ပွဲrecordကို လက်ဝယ်ရအောင် ဘာတွေလုပ်ခဲ့လည်းမသိ၊ အဲ့ဒါကို ပြန်editပြီး အများပြည်သူ မြင်နိုင်အောင် လိုင်းပေါ် တိုက်ရိုက် တင်ချလိုက်တယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now