[Unicode]
ရုန်ချင်းလည်း အတော်လေး အံ့အားသင့်နေရပြီ။
ငါက ဒီကို ပိုက်ဆံဖြုန်းရတဲ့ ပျော်ရွှင်မှုကို ခံစားဖို့ လာခဲ့တာလေ , ဒါပေမဲ့ မင်းက ဒါကို ဒိတ်တစ်ခုလို့ ပြောလိုက်တာလား?
" နေစမ်းပါအုံး? မင်း ပြန်ပြောစမ်းပါ?" ရုန်ချင်းက ကောင်းကျားရွှမ်ကို စိုက်ကြည့်လိုက်တယ်။
မင်းပါးစပ်ကနေ အခုလေးတင် ထူးဆန်းတာတစ်ခုခု မထွက်လိုက်ဘူးမလား သူငယ်ချင်း?
ကောင်းကျားရွှမ်က ဖုန်းကို တစ်ချက် လှမ်းကြည့်လိုက်ချိန်မှာ သူ ရုတ်တရက် ရပ်တန့်သွားတော့တယ်။
လင်းကျီ? လင်းကျီနဲ့ ရုန်ချင်းက vd call ပြောနေကြတာလား?
သူ နှုတ်ဆိတ်သွားတယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် လင်းကျီရဲ့ ဘော့စ်တစ်ဦးအနေနဲ့ သူ့ရဲ့ သရုပ်ဆောင်လေးရဲ့ စိတ်အခြေအနေကို တစ်စက္ကန့်လောက် ထည့်တွက်ပေးသင့်တယ် မဟုတ်လား? သူ ဟိုနားသည်နားလေးပဲ လျှောက်သွားမိတာပါ။ လူတိုင်းက ဒီကို သင်္ဘောဘုရင်ရဲ့ သမီးငယ်အတွက် ရောက်လာတာတဲ့လေ။ သူ(မ)မှာ သူ့မတူတဲ့ လက်ထပ်ပါတနာ ရွေးချယ်ခွင့် ရှိတယ်။
ရုန်ချင်းကရော သူ(မ)အတွက် ဒီကို ရောက်လာတာဆိုရင် ဘယ်လို...ဘယ်လိုလုပ်ကြမလဲ?
ကောင်းကျားရွှမ် တိတ်ဆိတ်နေသလို ရုန်ချင်းလည်း တိတ်ဆိတ်နေတယ်။
ဘရို , မင်း ဘာလို့ စကားပြောတာ ရပ်လိုက်တာလဲ? ဒါက ဘာကို ဆိုလိုတာတုန်း? မင်း ပြောတာတွေက အမှန်တွေမလို့ ဒါမှမဟုတ် အားလုံးက ငါ မှားတွေးမိတာမလို့ အဲ့တာကြောင့် မင်း နှုတ်ဆိတ်သွားတာလား?
[ ခင်ဗျား အသောက်ပါတီမှာ ရောက်နေတာလား? ]
ဖုန်း screen မှာ လင်းကျီက အဝတ်အစား လဲပြီးလို့ ဖြည်းညင်းစွာ မေးလာလေရဲ့။
?
အို သွားပြီ! သူ ဝံပုလွေပေါက်လေးကို မေ့သွားတာပဲ!
ရုန်ချင်း ဆဲပစ်ချင်လာပြီ။
ငလူး! အဲ့တာ ကောင်းကျားရွှမ် သူ့ကို လာစားဖို့ ကြိုးစားနေလို့ပဲ!
ESTÁS LEYENDO
Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ I do not own the novel. All credits go to the original author. Start Dat...