[ 1 1 2 ]

3.9K 725 20
                                    

[Unicode]

ပြတင်းစက္ကူကို အပေါက်တစ်‌ပေါက် ဖောက်တယ်လို့ပဲ ပြောရမလား?

^ ကိစ္စအကုန်လုံးကို အပြင်ထုတ်ပြောနေတယ်လို့ ဆိုလိုချင်တာပါ ^

သူ နဲ့ ဝံပုလွေပေါက်လေးက အစတည်းက ပွတ်သီးပွတ်သပ် တွယ်ကပ်နေတတ်တာကို ရုန်ချင်း သိပြီးသား။ အခု သူ အဲ့လိုပြောလာမှ သူတို့နှစ်ယောက် ပိုလို့တောင် ကပ်တွယ်လာတော့တယ်။

ဒါပေမဲ့ !

ဘာပဲဖြစ်ဖြစ် !

သူ ကုန်းစွင့်ဇီပိုင်ကို တိုင်ဖို့တော့ မေ့မနေဘူး!

ရုန်ချင်းနဲ့ လင်းကျီတို့ vd call မှာ အကြာကြီး ချစ်ကြည်နူး တစ်တီတူးလို့အပြီး ဖုန်းချပြီးတဲ့နောက် ရုန်ချင်းတစ်ယောက် ချက်ချင်းပဲ အင်အား 110% ပြန်သွင်းပြီး ကုန်းစွင့်ဇီပိုင်ကို သွားရှာတော့တယ်!

သူ ဒေါသထွက်နေသလိုမျိုး နီရဲရဲ မျက်နှာထားနဲ့ ဖြစ်စဉ်တစ်ရပ်လုံးကို ဖီလီဖာလာ ပြောပြလိုက်တယ်။ ရလဒ်ကတော့ ဒီထက်ပိုမကောင်းနိုင်တော့!

ကုန်းစွင့်ဇီပိုင် မျက်နှာထားက နားထောင်နေရင်း တဖြည်းဖြည်း ရုပ်ဆိုးလာတော့တယ်။ သူ့မျက်နှာထားက မည်းမှောင်သထက် မည်းမှောင်လာကာ စိုးရွံ့ဖို့ ကောင်းလွန်းလို့ သူ့ဘေးနားမှာ ထိုင်နေတဲ့ ကုန်းစွင့်ပိုင်ခမျာ သူ့တင်ပါးကို မသိလိုက်မသိဘာသာ လှမ်းပွတ်ရင်း လည်ပင်းနောက်ကျောမှာ ခပ်ဖျော့ဖျော့ အေးစိမ့်တက်လာလေရဲ့။

ဖုန်းချပြီးတဲ့နောက် ကုန်းစွင့်ဇီပိုင် ဖြည်းဖြည်းချင်း ခေါင်းမော့လာတယ်။ ကုန်းစွင့်ပိုင်တစ်ယောက် အန္တရာယ်အငွေ့သက်ကို ခံစားမိပြီး တိတ်တိတ်လေး ထထွက်ပြေးတော့တယ်။

"ရှောင်ရမ် ဘယ်မှာလဲ?" ကုန်းစွင့်ဇီပိုင် ပါးစပ်ဟလာသောအခါ ကုန်းစွင့်ပိုင်တစ်ယောက် စိတ်သက်သာရာရစွာ တိတ်တိတ်လေး သက်ပြင်းချလိုက်မိတယ်။

သူ ချက်ချင်း ပြန်ဖြေလိုက်တယ် :: "ကျွန်တော် ထင်တာတော့ သူ(မ) ဟုန်ပေါင်း ရပြီးတည်းက ရှောပင်း ထွက်သွားပုံပဲ။"

CEO ရုန် သူတို့ကို ပေးတဲ့ ဟုန်ပေါင်းတွေထဲက မုန့်ဖိုးက အများကြီးပဲ။ အဲ့ကလေးမက အမြဲတမ်း ပိုက်ဆံဖြုန်းရတာ ကြိုက်တယ်။ အခုလို မုန့်ဖိုးရလာမှတော့ သူ(မ) မသုံးဘဲ နေနိုင်မှာတဲ့လား?

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now