[ 9 9 ]

4.8K 946 34
                                    

[Unicode]

ရုန်ချင်း လင်းကျီကို စိုက်ကြည့်နေတယ်။

ရုန်ချင်း လင်းကျီကို စူးစူးရဲရဲ စိုက်‌ကြည့်နေတယ်။

အချိန်တစ်ခုကြာတဲ့ထိ လင်းကျီဘက်က တစ်ခုခု ပြောလာတာကို သူ မကြားရသေးဘူး။

လင်းကျီ သူ့ကိုယ်သူ ဘာပြောချင်မှန်း သိနေတယ်၊ ဒါပေမဲ့ လက်တွေ့ ထုတ်မပြောနိုင် ဖြစ်နေတာ။ သူ ရုန်ချင်းကို ဘယ်လိုချော့ရမလဲ စဉ်းစားပြီးပြီ၊ ဒါမဲ့ ချူးခယ့်က ဒီမှာ ထိုင်နေတုန်းလေ! ရုန်ချင်းအကြည့်တွေ ပိုပိုကြောက်ဖို့ကောင်းလာတာ သတိထားမိတော့ သူ ပိုလို့တောင် စိတ်လှုပ်ရှားသောကဖြစ်လာလေရဲ့။

သူ ချော့ချင်တယ်လို့ ! သူ ချော့ချင်နေပြီ ! ဒါပေမဲ့ ချူးခယ့် ရှိနေတုန်းတော့ မဟုတ်ဘူးလေ?!

ရုန်ချင်း ဒေါသထွက်လွန်ပြီး သေတော့မယ်!

မင်း ငါ့ကို နည်းနည်းလေးတောင် လာမချော့တော့ဘူးလား?! မြန်မြန်လာချော့! မင်း မြန်မြန် မချော့လို့ကတော့ ငါ ဇာတ်ဝင်ခန်းတစ်ခု ဖန်တီးပစ်လိုက်မှာနော်!

မင်းကို အိမ်ပြန်လိုက်ပို့မယ့်အစား တစ်ယောက်တည်း ထားခဲ့ပြီး ကားမောင်းပြန်သွားမှာမျိုး!

မင်း ဘာဖြစ်နေတာလဲဟမ် ဝံပုလွေပေါက်လေး! အရင်က ဒီလောက် မတုံးပါဘူး! မင်း ပြောင်းလဲသွားပြီပဲ!

သူ့ဦးရေပြားတစ်ခုလုံး ထုံကျင်လာတဲ့ထိ စိုက်ကြည့်ခံနေရရှာတဲ့ လင်းကျီခမျာ သူ့ရိုမန့်ဇာတ်လမ်းလေး အရွယ်မရောက်ခင် အဆုံးသတ်တော့မယ့် ခံစားချက်မျိုး ရလာပြီ။ ရုန်ချင်းနဲ့ ဒိတ်ရတာ သူ ထင်ထားတာထက် ပိုရင်ဖိုစိတ်လှုပ်ရှားဖို့ ကောင်းတယ်။

ရုတ်တရက်ကြီး လျစ်လျူရှုခံလိုက်ရတဲ့ ချူးခယ့်တစ်ယောက် ရုန်ချင်းကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ ပြီးတာနဲ့ လင်းကျီအမူအရာကိုလည်း တိတ်တိတ်လေး လှမ်းကြည့်လိုက်သေးတယ်။ သူ့နှလုံးသားထဲ ထူးထူးဆန်းဆန်း ခံစားချက်တစ်မျိုး ဖြည်းဖြည်းချင်း ရလာတယ်။ ဒီခံစားချက်က--- သောက်ကျိုးနည်း ငါ တကယ်ကြီး role လွဲသွားတာလား???

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Nơi câu chuyện tồn tại. Hãy khám phá bây giờ