[Unicode]
ကုန်းစွင့်မိသားစုက ကလေးတွေ ဒီသတင်းကို ကြားပြီးတဲ့အခါ သူတို့အားလုံး ကြမ်းပြင်ပေါ် မေ့လဲတဲ့သူက မေ့လဲ၊ ငိုယိုတဲ့သူက ငိုယိုကြတော့တယ်။
ဘာပဲဖြစ်ဖြစ်ပါ၊ နစ်နာသွားရှာသူလေး ရုန်ချင်းကတော့ ကုန်းစွင့်ဇီပိုင် ပို့ပေးလာတဲ့ တောင်းပန်လက်ဆောင်ကို ပျော်ပျော်ကြီး လက်ခံယူလိုက်တယ်။ တကယ်တော့ ဘာမှ ထွေထွေထူးထူး တန်ဖိုးကြီးတာမျိုး မဟုတ်ဘူး၊ ကုန်းစွင့်စီးပွားရေးလုပ်ငန်းက ထုတ်တဲ့ ကုန်ပစ္စည်း တစ်ချို့တစ်လေလောက်ပါပဲ။
Skincare ပစ္စည်းတစ်ချို့၊ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ ဖင်စကင်ကဲတာ တစ်ခုမှ မပါတာပဲ။ အရမ်း ဝမ်းနည်းမိတယ်။
ရုန်ချင်း စစ်ကြည့်လိုက်တယ်။
ခွင့်ပြုချက် မရဘဲ ပုံကို အွန်လိုင်းပေါ် တင်ခဲ့တဲ့ ဟိုကလေးမလေးကိုတော့ ကုန်းစွင့်ဇီပိုင်က အထုပ်ထုပ်ပြီး သူ(မ)အိမ် ပြန်ပို့လိုက်ပြီ။
ကျစ်ကျစ်ကျစ် ကြည့်စမ်း!
ကုန်းစွင့်ဇီပိုင်လို လူမျိုး! တကယ်ကြီး ကလေးတစ်ယောက်ကို စံအိမ်ဟောင်းကနေ နှင်ထုတ်လိုက်တယ်တဲ့ ! အိုင်းးး သူ(မ) တကယ် မလိမ္မာတာပဲ ဖြစ်ရမယ်! ကုန်းစွင့်ဇီပိုင်အတွက် စိတ်မကောင်းစရာပဲ!
သူ အဲ့ကလေးမရဲ့ အကောင့်ကို အကြမ်းဖျင်း ကြည့်ကြည့်လိုက်တယ်။ လက်ကိုင်အိတ် အမျိုးမျိုး၊ လက်ဝတ်ရတနာ မျိုးစုံကို တင်ကြွားထားတာတွေချည်းပဲ၊ အနိမ့်ဆုံး ဈေးနှုန်းက ဂဏန်းလေးလုံးက စတယ်။ ရုန်ချင်း သူ့လျှာကို တကျစ်ကျစ် မလုပ်ဘဲ မနေနိုင်တော့။
ဒယ်ဒီကမှ ပိုက်ဆံ တကယ်ရှိတဲ့သူ! မင်းမှာ ရှိလို့လား? မင်း မရှိဘူးလေ! မင်းမှာ ဝင်ငွေတောင် မရှိသေးဘဲနဲ့ ဒီလိုမျိုး ကြွားရဲသေးတယ်ပေါ့လေ? မင်းရဲ့ ရှောင်ရှုရှု မင်းကို မလိုချင်တာ မဆန်းဘူး။ မင်းက မိသားစုကို ဆိုးကျိုးတွေ ပေးမှာ!
ထိုကလေးမလေးရဲ့ အပြစ်ဒဏ်က သူနဲ့ ဘာမှမသက်ဆိုင်တာကို အတည်ပြုပြီးတော့မှပဲ ရုန်ချင်းတစ်ယောက် ချက်ချင်းပဲ ပိုစိတ်အေးသွားတော့တယ်။ အများဆုံးပြောမှ သူက ဓာတ်ကူပစ္စည်းပေါ့။ ဒီကလေးမလေးက သူ့ပြဿနာသူ ရှာခဲ့တာ၊ ဒယ်ဒီနဲ့ ဘာမှဆိုင်မနေဘူး!
YOU ARE READING
Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ I do not own the novel. All credits go to the original author. Start Dat...