part (1)

62.7K 1.4K 36
                                    

"ဆူး...ဟိတ် ဆူး..."ဆူးတစ်ယောက်ကိုခေါ်မရတာကြောင့် မမော်စိတ်မရှည်စွာ စားပွဲခုံကိုလက်ဖြင့်ပုတ်လိုက်လေသည်... "ဘုန်း..."

"ဟမ်...."ဆူး အသံကြားမှ အတွေးစတို့ပျက်သွားလေသည်....

"ဘာတွေအဲ့လောက်တွေး‌နေတာလည်း..အမ ခေါ်နေတာကြာပေါ့ကို..."

"ဒီလိုပါပဲ..မမော်ရယ်...."ဆူ အကြောင်းစုံကိုရှင်းမပြချင်တာကြောင့် အားလျှော့တဲ့လေသံဖြင့် သာဆိုလိုက်လေသည်....

"ဘာလည်း ကောင်မလေးနဲ့ပြတ်သွားလို့လား..."

"အာ..မမော်ကလည်း ကောင်မလေးနဲ့ပြတ်တာကြာပြီလေ အမရယ်...."

"ဟုတ်လား မသိပါဘူး ကွာ..ဆူး ကမှိုင်နေတော့ဘာလို့များလည်းလို့ တွေးရခက်နေတာ..."
မမော် က စားလက်စထမင်းချိုင့်တို့ကိုဆင့်ရင်း ဆိုလိုက်လေသည်....

"မဟုတ်ပါဘူး မမော်ရယ် တစ်ခြားကိစ္စတွေပါ..."ဆူးလည်း ထမင်းဆက်မစားချင်တာကြောင့် စားလက်စကိုလက်စသတ်ပြီးသိမ်းလိုက်လေသည်....

"စားအုံးလေ ဘာမှလည်းမစားရသေးဘူး တော်ကြာ ညကျမှဆာနေမယ်...မမော်စောင့်ပေးပါ့မယ်..."

"မစားတော့ပါဘူး အမရယ်...စားချင်စိတ်ကမရှိတော့ဘူးလေ....လာ သွားရအောင်..."
ထမင်းချိုင့်လေးကို သေချာစနစ်တကျထားရင်း နားနေဆောင်ဘက်သို့ထွက်လာခဲ့သည်....

ဧည့်ကြိုကောင်တာဘက်တော့ လူအဝင်အထွက်နှင့်အလုပ်ရှုပ်နေဟန်တူသည်....
ဆူး လည်း မမော်နဲ့အတူလမ်းလျှောက်လာရင်း....

"မမ ဆူး..မမ..."နောက်ကနေအပြေးအလွှားလိုက်လာတဲ့ ဝန်ထမ်းကောင်မလေးကြောင့် ဆူး ခြေလှမ်းတို့ကိုရပ်ကာ နောက်သို့လှည့်ကြည့်လိုက်လေသည်....

"အော်...နှင်း...ဘာကိစ္စလည်း..."

"နှင်း..မမကိုဒါလေးလာပေးတာပါ...သွားလိုက်ပါအုံးမယ်နော်..."ဆူး လက်ထဲကို ဖျော်ရည်ဘူးတစ်ဘူး ထည့်ပေးရင်း ပြုံးပြုံးလေးပြောကာပြေးထွက်သွားသော ထိုကောင်မလေးကို ဆူးရော မော်ရော ကြည့်နေမိသည်...

"ဆူး တို့ကတော့ဟေ..စော်ကြည်ပါ့..."

"တော်စမ်းပါမမရယ်...ဘယ်နေ့ စော်ကြည်မှုနဲ့ဒုက္ခရောက်မယ်မသိဘူး..."

အန်တီ [ Complete ]Where stories live. Discover now