part (30)

12.5K 690 25
                                    

"သမီးတို့ ကားကိုဂရုစိုက်မောင်းနော်..."

"ဟုတ်ကဲ့ပါ ဒေါ်ဝင်းရယ်...စိတ်မပူနဲ့နော်..မြူ ဟိုရောက်ရင်လည်း အကြောင်းကြားပါ့မယ်.."

"အေးပါကွယ်..အေးပါ..."

"အစစအရာရာဂရုစိုက်နော် သမီးမြူ အရေးအကြောင်းဆိုလည်း ဒေါ်ဝင်းတို့ကိုချက်ချင်းဆက်သွယ်ပေးသိလား.."

"စိတ်မပါပါနဲ့ ဒေါ်ဝင်းရယ် မြူ တို့ကိုစိတ်ချနော်.." မြူ ဒေါ်ဝင်းရဲ့ ပါးလေးကိုခပ်ဖွဖွလေးနမ်းရင်း ပြုံးပြုံးလေးဆိုလိုက်လေသည်။ မြူ့ အတွက်တော့ ဒေါ်ဒေါ်ဝင်းသည် မိခင်တစ်ယောက်လိုပင် ရိုသေရသူဖြစ်လေသည်။

"သမီး ဆူး ဒေါ်ဝင်းစိတ်ချမယ်နော်..ကားကိုလည်း နားနားပြီးမောင်း ဟုတ်ပြီလား..."
"ဟိတ် ကလေးတွေ အထုတ်တွေသေချာစစ်ကြနော်.." ဒေါ်ဝင်းတစ်ယောက် ဆူး ကိုစိတ်ပူပေးရင်း အထုတ်အပိုးတွေစစ်ဖို့ပါ ကောင်မလေးတွေကိုခိုင်းစေနေလေသည်။

"ဟုတ်ကဲ့...ကြီးကြီး..."

ဆူး ဒေါ်ဝင်းအား ပြုံးပြုံးလေးကြည့်ရင်း.."စိတ်ချပါ ဒေါ်ဝင်းရယ်...ဆူး ကားကိုလည်းဂရုစိုက်မောင်းပါ့မယ်..." ဟု ဆိုလိုက်လေသည်။

"အေးကွဲ့ ဆူး ကိုတော့ စိတ်ချပြီးသားပါ ‌လိုလိုမယ်မယ်ထပ်မှာတာပါကွယ်...မြူ လေးကိုလည်း ဂရုစိုက်ပေးပါအုံးကွယ်..."

"ဆူး အန်တီ့ကိုလည်း ဂရုစိုက်ပါ့မယ်..."

"ကဲကဲ နေမြင့်နေမယ် သမီး တက်တော့ ကားပေါ်..."

"ဟုတ်ကဲ့ ..." " အော ဒါနဲ့ ဒေါ်ဝင်း မြူ လိုအပ်တဲ့အိမ်အသုံးစရိတ်တွေအကုန် ထားပေးခဲ့ပါတယ်..လိုအပ်တာမှန်သမျှသုံးပါနော်..အားမနာပါနဲ့.."

"အေးပါကွယ်...‌အိမ်ကိုတော့ စိတ်သာချထားပါ ဒေါ်ဝင်းကစောင့်ရှောက်ပေးထားမှာပေါ့ သမီးတို့က နောက်စံမတင်းပဲ စိတ်ဖြောင့်လက်ဖြောင့်သာသွားကြနော်...ပျော်အောင်နေခဲ့ကြပါ..."

"ဟုတ်ကဲ့ ဒါဆို သမီးတို့ သွားပြီနော်..." ဆူး တို့ အတွဲ ကားလေးကိုမောင်းပြီးထွက်လာခဲ့လေသည်။ အလုပ်တွေအကုန်နားပြီး ဆူးတို့အတွက်ဟန်နီးမွန်းခရီးထွက်လာခဲ့ခြင်းဖြစ်သည်။ နေရာကိုတော့ မြူ သိပ်သွားချင်တဲ့ သဘာဝတရားတွေနဲ့ဆက်စပ်နေတဲ့ ပင်လယ်တွေရှိတဲ့ နေရာဆီသို့ရွေးချယ်ခဲ့လေသည်။

အန်တီ [ Complete ]Where stories live. Discover now