"ဒီး...ဒီး..."တိတ်ဆိတ်သောအခန်းတွင်း၌ Vibrate လုပ်ထားခြင်းကြောင့် မြည်နေသော ဆူး ၏ ဖုန်းသံများ...
ဆူး တစ်ယောက် ဆိုဖာခုံပေါ်အိပ်ပျော်နေခြင်းမှလန့်နိုးလာလေသည်...
အန်တီ့အား ကြည့်မိတော့ အိပ်ပျော်နေဆဲဖြစ်သည်...ဆူး ဖုန်းသံကြောင့် အန်တီနိုးသွားမှာ စိုးရိမ်ခြင်းကြောင့် ရုတ်တရက် ဖုန်းအား ကောက်ကိုင်လိုက်လေသည်...
"ဟယ်လို..."အသံ ခပ်အုပ်အုပ်ဖြင့် ဖုန်းပြန်ဖြေလိုက်လေသည်...
"ဟယ်လို...ဟယ်လို...ဆူး.."
"ဟင် ဖုန်းက ကျသွားတာမဟုတ်ပဲ ဘာလို့ပြန်မထူးတယ်မသိဘူး..တစ်ချက်ပြန်ထူးပြီးအသံကထွက်မလားဘူး ဒီကလေးနှယ်..."
"ဟယ်လို...ဆူး...ဆူးလေး..."မြူ စိတ်ပူစွာတရက်ဆက် မေးမြန်းနေလေသည်...
"ဟုတ်..အန်တီ..."ဆူး အခန်းအပြင်ကိုရောက်မှ အန်တီ့အမေးအား ပြန်လည်ဖြေကြားလိုက်လေသည်..
"အော်..ဆူး ရယ်..ဘာလို့ပြန်မထူးတာလည်း...အန်တီ့မှာလန့်သွားတာပဲ..."
"ဟုတ်...ဆူး ကိုစိတ်မပူပါနဲ့..အန်တီ.."အခန်းအပြင် ဝရံတာလေးမှ အပြင်ကိုကြည့်မိတော့...မိုးပင်တော်တော်ချုပ်နေလေသည်..အိမ်တိုင်း၌ မီးရောင်စုံထွန်းညှိထားလေသည်..
"အာ..ငါ အကြာကြီး အိပ်ပျော်သွားတာပဲ..ခေါင်းမူးလိုက်တာ..."ဆူး တစ်ယောက် ကိုယ့်ခေါင်းကိုယ်ဖိကိုင်ရင် ညီးလိုက်လေသည်...
ဆူး ၏ တစ်ပိုင်းတစ်စညီးညူသံတို့အား မြူ ကြားသွားဟန်ရှိသည်.."ဟင် သမီး နေမကောင်းဘူးလား...ခုဘယ်မှာလည်း..ဘာလုပ်နေတာလည်း..တစ်နေကုန်လည်းမတွေ့ရဘူးကွယ်...ဘယ်မှာလည်း အန်တီ့ကိုပြော အန်တီ လာခေါ်မယ်..."
မြူ့ ၏ စိုးရိမ်စိတ်ပြင်းပြစွာ မေးလာသော မေးခွန်းတို့ကို ဆူး နားထောင်ရင်း ပြုံးမိရပြန်သည်..ထိုအမျိုးသမီးလေးသည်..ကျွန်မအပေါ်၌ ထိုသို့ပင် စိတ်ပူတတ်သေးသည်...
"ဆူး နေကောင်းပါတယ် အန်တီရယ်.."
"ခု ဘယ်မှာလည်း ဆူးက.."
"ဟို သူငယ်ချင်းတွေနဲ့ အပြင်မှာပါ.."
"တောင်းပန်ပါတယ် အန်တီရယ် ဆူး ထပ်ပြီးလိမ်မိပြန်ပြီ..." စိတ်ထဲက သာတောင်းပန်စကားဆိုလိုက်ရပြန်သည်...
ВЫ ЧИТАЕТЕ
အန်တီ [ Complete ]
Любовные романы{ Unicode } Age gap fic လေးပါရှင့် ၊ အန်တီ မမတွေကိုမှကြိုက်တဲ့ကောင်မလေးတွေအတွက် { Zawgyi } Age gap fic လေးပါရှင့် ၊ အန်တီ မမတွေကိုမှကြိုက်တဲ့ကောင်မလေးတွေအတွက်
![အန်တီ [ Complete ]](https://img.wattpad.com/cover/284900971-64-k272165.jpg)