"မြူ..." ဆူး ၏ အခေါ်ကိုမြူကြားဟန်ရှိသော်လည်း မလှုပ်မယှက် ထိုင်ခုံလေးပေါ်၌ပင်ထိုင်နေမြဲ ။ သူမ လက်ထဲမှာစာအုပ်တစ်အုပ်ကိုကိုင်ထားလေသည်။ သူမ စာဖတ်နေသည်လား ။
ရွေ့လျားမှုမရှိတဲ့မျက်ဝန်းတို့သည် စာမျက်နှာပေါ်မှစကားလုံးလေးပေါ်၌ ရပ်တန့်နေလေသည်။ သူမ ထိုစာမျက်နှာကိုအကြည့်တို့ စိုက်မိနေသည်မှာ အတော်ပင်ကြာချေပြီ ။
"အန်တီ..." ဆူး မြူ့ ဘေးနား ခုံဘေး၌ ဒူးထောက်ကာထိုင်လိုက်လေသည်။ ဆူး ၏ ခေါ်သံသည်တိုးဖျော့ဖျော့လေးသာ။ ထိုတစ်ကြိမ်မှာတော့ မြူ ဆူး အား လှည့်ကြည့်လာလေသည်။
"အင်း ပြောလေ ဆူး ရဲ့... ဘာလိုလို့လည်း..." မကောင်းတတ်လို့သာ ပြန်ဖြေနေသည့်အလား မြူ့ အသံသည် အားမရှိစွာပျော့လှပေသည်။ သူမရဲ့ အကြည့်တို့သည် ဆူး မျက်နှာလေးပေါ်သို့ခဏတာမျှကျရောက်လာလေသည်။
"ဆူး ပိုက်ဆံလိုတယ်ဆိုရင်တော့ ဗီရိုထဲကအံထဲမယ် ဖွင့်ယူသွားလိုက် ..." မြူ စာအုပ်လေးရဲ့စကားလုံးလေးတွေအပေါ်မှ အကြည့်မလွှဲသေး စကားကိုအေးဆေးစွာဆိုလာလေသည်။
မြူ အေးစက်လာသလို နောက်ပိုင်းဆက်ဆံရေးသည် ငွေကြေးကိစ္စဖြင့်သာစကားပြောတတ်ကြပေတော့သည်။ဟိုအရင်လို လိုအပ်သမျှကိုတော့ မြူ ကိုယ်တိုင်လိုက်လုပ်မပေးတတ်တော့ပေ ။
ဆူး စိတ်မရှည်စွာဖြင့် မြူ့ လက်ထဲမှ စာအုပ်ကို ဆွဲယူကာ ပိတ်လိုက်လေသည်။ "ဘယ်ချိန်ရှိနေပြီလည်းအန်တီ..."ဆူးအရက်အနည်းငယ်သောက်လာခဲ့မိသည်။ မြူ့ ပေါ်ကြမ်းတမ်းသည်မှာထိုအချိန်လေးသာရှိတတ်သည်။
"ပေးပါ ဆူး ရယ် အန်တီ စာဖတ်နေတာကို..." မြူ အေးဆေးစွာဖြင့်သာ ဆိုလာချေသည်။
"မပေးဘူး အချိန်နောက်ကျနေပြီ အန်တီအိပ်ရာဝင်တော့.. " ဆူး လေသံသည် မာနေဆဲ ။ စာအုပ်လေးသည်တော့ ဆူး လက်ထဲမှ ခုံပေါ်သို့သာပြစ်ချခံလိုက်ရလေသည်။ ထိုအရာဝထ္ထုလေးသာ သက်ရှိဖြစ်ခဲ့ရင်တော့ နာကျင်လို့ အော်နေမည်လား ။
"မအိပ်ချင်ဘူး. " မြူ သည်လည်း မနုညံ့စွာဆိုလာလေသည်။
"အန်တီ ဘာလို့အဲ့လောက်ခေါင်းမာနေရတာလည်း...အိပ်ချိန်တွေပျက်ရလောက်အောင်ထိ အန်တီဘာစာတွေကိုဖတ်နေတာလည်း..." ဆူး ပြစ်ချမိတဲ့စာအုပ်လေးကိုကြည့်မိတော့ ကလေးငယ်တွေနှင့်ပတ်သတ်ပြီးရေးထားသော စာအုပ်လေးပင်ဖြစ်သည်။
YOU ARE READING
အန်တီ [ Complete ]
Romance{ Unicode } Age gap fic လေးပါရှင့် ၊ အန်တီ မမတွေကိုမှကြိုက်တဲ့ကောင်မလေးတွေအတွက် { Zawgyi } Age gap fic လေးပါရှင့် ၊ အန်တီ မမတွေကိုမှကြိုက်တဲ့ကောင်မလေးတွေအတွက်
![အန်တီ [ Complete ]](https://img.wattpad.com/cover/284900971-64-k272165.jpg)