part (12)

9.7K 694 32
                                    

"ဒေါက်‌ ဒေါက်..."
"သမီး ဆူး ဒေါ်ဝင်းပါ ဝင်ခဲ့မယ်နော် .. "

"ဟုတ်ကဲ့ ဒေါ်ဝင်း ဝင်ခဲ့ပါ...အခန်းတံခါးကပိတ်မထားဘူးလေ.."ဆူး အလုပ်စားပွဲ၌ အလုပ်ကိုအာရုံစိုက်နေရင်း အခန်းထဲမှာ အသံပေးလိုက်လေသည်။

"လာလေ ...ဘာကိစ္စရှိလို့လည်း ဒေါ်ဝင်း..."ဆူး ဒေါ်ဝင်းအား ဦးစွာ နှုတ်ဆက်စကားဆိုရင် ‌ပြောလိုက်လေသည်။

"ဒီမှာ ဆူး အတွက်..."‌‌ဒေါ်ဝင်း တစ်ယောက်ပေါင်မုန့်ကြက်ဥ ကြော်ထားတဲ့ပန်းကန်‌ရယ် နွားနို့ ထည့်ထားသော လင်ဗန်းလေးကို စားပွဲပေါ်သို့တင်ပေးရင်း ဆိုလိုက်လေသည်။

"အော် ဒေါ်ဝင်းကလည်း တကူးတကကြီးလာပို့လို့ ဆူး ဗိုက်ဆာတဲ့အခါလာစားမှာပေါ့..."

"ဆူး က လာရောစားမှာဟုတ်လို့လား..." ဒေါ်ဝင်း အမေးကြောင့် ဆူး အနည်းငယ်မျက်နှာပျက်သွားလေသည်။ အန်တီနဲ့ အခြေအတင်စကားများပြီးကတည်းက အခုချိန်ထိ ဆူး အခန်းတွင်းအောင်းနေသည်မှာ နေ့တစ်ဝက်ကျိုးခဲ့ချေပြီ။

"ဒါနဲ့ ‌အန်တီရော..."

"အွန်း အဲ့အကြောင်းပြောဖို့လာတာ... သမီးမြူက
ကလေးမဟုတ်ပဲနဲ့အရမ်း ပေကပ်ကပ်နဲ့ကွယ် ဘာမှကျွေးမရဘူး နေကသိပ်ကောင်းတာလည်းမဟုတ်ပဲနဲ့..."ဒေါ်ဝင်း၏ လေသံသည်အမှန်တကယ်ပဲစိတ်ပူနေလေသလား? ဆူး အား အန်တီ့အနားပဲရှိနေစေချင်ခဲ့သည်လား ဆိုတာ သိပ်တော့ မသဲကွဲပေ ။

"အခုရော အန်တီ ဘာမှမစားထားဘူးလား"

"အွန်း တစ်ခုခုစားဖို့ ပို့ထားပေမဲ့ အခန်းထဲမှာပဲ မစားလောက်ပါဘူး....ဟူး ဒေါ်ဝင်းတော့ သမီးမြူရဲ့ ကျန်းမာရေးသာစိုးရိမ်တော့တာပဲ... " ဒေါ်ဝင်းလည်း အကြပ်ရိုက်နေပုံရပါသည်။ "ဒေါ်ဝင်း အခုလာတာကလေ တစ်ခုလောက်တောင်းဆိုချင်လို့ပါ သမီးရယ်..."

" ဆူး ကို သွားကြည့်ခိုင်းမလို့လား ဒေါ်ဝင်း.." ဆူး ၏ စကားကို ထောက်ခံလေဟန် ခေါင်းငုံပြရင်း

"ဟုတ်တယ် သမီးရယ် သမီးအန်တီကိုဂရုစိုက်ပေးပါအုံး ..ဖြစ်ခဲ့သမျှအဖြစ်အပျက်တွေလည်း ဗွေမယူပါနဲ့ကွယ်...ဒေါ်ဝင်းသိပါတယ် သမီးမြူက ဘယ်တော့မှ ယုတ်မာတဲ့စိတ်တို့မရှိဘူးဆိုတာ သမီး မြူလေးအပေါ်စိတ်မကွက်ပါနဲ့နော် " ဆူး ရဲ့ လက်တို့ကိုဆုတ်ကိုင်ရင်း ဆိုလာပြန်တော့ ဆူး မှာမငြင်းရက်သာပေ ။

အန်တီ [ Complete ]Where stories live. Discover now