part (9)

10.8K 684 47
                                    

မြူ လက်ကိုင်အိတ်၊ ဟန်းဖုန်းနဲ့ကားသော့တို့ကိုယူရင်း ဆူး အား ရုံးခန်းထဲမှအတင်းဆွဲခေါ်လာခဲ့သည်...

"အန်တီ ခဏလေး ဆူး ဖုန်းယူလိုက်အုံးမယ်...ဆူး တစ်ယောက် ဖုန်းကိုအပြေးအလွှားယူရင်း..
"အန်တီ ဘယ်သွားမလို့လည်းလို့.."ဘာမသိညာမသိနှင့် မြူ ဆွဲခေါ်ရာနောက်သို့ လိုက်ရင်း..လေသံခပ်တိုးတိုးဖြင့်မေးလိုက်လေသည်..

"လာပါ..အန်တီ နဲ့တစ်နေရာရာကိုသွားရအောင်နော်...ဒီတိုင်းလေးပဲလိုက်ခဲ့ပေး.."

"ဟုတ်ကဲ့ ဆူး လိုက်ခဲ့ပါ့မယ်အန်တီ..ဒါပေမဲ့ လက်ကလေးတော့လွှတ်ပေးအုံးနော်..တစ်ခြားလူတွေကြည့်နေတယ်..."မြူ ဆူး အားတစ်ချက်လှည့်ကြည့်ပြီး ဆူး လက်ကို ထပ်မှန်တင်းကျပ်စွာဆုတ်ကိုင်ရင်း..."ကြည့်ပါစေ..."ဟု ခပ်တင်းတင်းဆိုလိုက်လေသည်...

ဆူး တို့ Hotel အပြင်ဘက်ကားပါကင်သို့ရောက်လာခဲ့လေသည်..."ပေး ဆူး မောင်းမယ် အန်တီ..ဘယ်သွားမှာလည်း..."

မြူ သည် Car location က တစ်နေရာကိုညွှန်ပြလိုက်လေသည်...
"ဟုတ်ပြီ ဆူး လိုက်ပို့ပေးမယ်နော်.."ဆူး ‌မြူ ပြသော နေရာသို့ သွားဖို့ ကားမောင်းတဲ့ထိန်ခုံ၌ ထိုင်လိုက်လေသည်...

ဆူး ကားကိုဖြေးဖြေး အေးအေးဆေးဆေးလေးမောင်းလာခဲ့လေသည်...

"ဆူး.."

"ဟုတ်..အန်တီ.."

"အန်တီ ခဏ လောက်နားလို့ရမလား..အရမ်းအိပ်ချင်နေလို့..."

"ဟုတ်ကဲ့ ဆူး ရောက်ရင် ပြောပါ့မယ်...အန်တီ စိတ်ချလက်ချအိပ်ပါ..."
မြူ ကားပေါ်၌ အိပ်ပျော်ဖို့ကြိုးစားနေလေသည်...

ခရီးဝေးအရမ်းမောင်းရခြင်းကြောင့် ဆူး ကားလေးကိုလမ်းဘေးချရပ်ပြီး နားလိုက်လေသည်...မြူ တစ်ယောက်ကတော့ အိပ်ပျော်နေဆဲ...

ဆူး တစ်ယောက် အိပ်ပျော်နေတဲ့ မြူ့ ကိုကြည့်နေမိသည်...အန်တီ အိပ်ပျော်နေပုံလေးက အေးချမ်းလှပေသည်...ဆံပင် တိုလေးတို့သည်..ပါးပြင်ပေါ်၌ ဝဲကာကျနေလေတော့..ဆူး ဖယ်ပေးဖို့ကြိုးစားမိလေသည်....
"အန်တီ အိပ်ရေးတော်တော်ပျက်ထားပုံရသည်..အိပ်ပျော်နေသည်မှာ အရမ်းကြာနေလေသည်..."

အန်တီ [ Complete ]Where stories live. Discover now