မမဆူး ဟိုဘက်မှာ မမရဲ့ဧည့်သည်တဲ့.."
"အော် အေးအေး မမလာခဲ့မယ်နော်...."ဆူး ကိုလာခေါ်သော ကောင်မလေးနောက်သို့ ဆူး လိုက်သွားလေသည်။
"ဟေး ပိုင်ခန့်...လာပြီလား..bro နောက်ကျတယ်နော်..." ဆူး ပိုင်ခန့်အား ဖက်လဲတကင်းဖြင့်ဆိုလိုက်လေသည်။
ပိုင်ခန့်က ဆူး ရဲ့ပုခုံးကိုပုတ်ကာဖြင့် "အမလေး ဒေါ်ဆူး တို့များ ကျွန်တော့်ကိုတောင်မနက်ကမဖိတ်ဘူး..."
"ဟာ အဲလိုမဟုတ်ပါဘူးကွာ... အရမ်းအလုပ်ရှုပ်စေမှာစိုးလို့လေ..." ဆူး သူငယ်ချင်းအရင်းဖြစ်တဲ့ပိုင်ခန့်နှင့်စကားကောင်းနေသည်။
အဖြူရောင်ဂါဝန်ရှည်ကြီးကိုဝတ်ဆင်ထားပြီး လှေကားထစ်တို့မှတစ်ဆင့်ချင်း ဆင်းလာသော အမျိုးသမီးလေး ။
ပိုင်ခန်း ဆူး ကိုလက်တို့ပြပြီး "ဟိုမှာ မင်းရဲ့ရွှေမင်းသမီးလေး..." ဆူး ပိုင်ခန့်မေးဆပ်ပြတဲ့ဆီသို့ လှမ်းကြည့်လိုက်မိလေသည်။ဆူး တစ်ယောက် မြူ့ ရဲ့ အလှတရားတို့၌ ခဏတာမျှအသက်ရှူဖို့မေ့သွားလေသည်။
"လှရက်လိုက်တာ မြူရယ်...""ဟိတ် သွားလေ...အန်တီ့ဆီကို..." ပိုင်ခန့်မှ ဆူး အား လက်တို့ပြီး သတိပေးမှ အသိပြန်ဝင်လာလေသည်။ ဆူး ပင် သပ်ရပ်ကျော့ရှင်းနေသော လူငယ်လေးအလားပင် ဆံနွယ်ရှည်တို့ကို ခပ်မြင့်မြင့်ထုံးဖွဲ့ထားပြီး ကုတ်အနက်ကို ဘောင်ဘီရှည်တို့ဖြင့်တွဲကာဝတ်ဆင်ထားလေသည်။ သူမပုံမှန်ပင် အမျိုးသမီးတစ်ယောက်နဲ့ပင် မတူနိုင်လောက်အောင် ခန့်ညားလွန်းလှသည်။
ဆူး မြူ့ ဆီသို့လျှောက်သွားရင်း မြူ့ အား လက်ကမ်းပေးလိုက်သည်။ သူမတို့အတွဲသည် လူအားလုံးကြား၌ ထင်းကာတောက်ပနေသည်။ မြူ ဟာ မိန်းကလေးဆန်စွာလှပနေသလို ဆူး မှာလည်း မြူ နဲ့လိုက်ဖတ်အောင်ခန့်ညားနေလေသည်။
ဆူး အားလုံး ရှေ့၌ ကတိသစ္စာပြုရင်း ရွှေရောင် အသဲပုံလက်စွပ်လေးကို မြူ့ ရှေ့ဒူးထောက်လျှက် ဆင်မြန်းပေးခဲ့လေသည်။
"အမြဲတာဝရအတွက်ချစ်သွားပါ့မယ်နော်..." မြူ တစ်ယောက် ပျော်လွန်း ၍ မျက်ရည်တွေဝဲလာခဲ့လေသည်။
![](https://img.wattpad.com/cover/284900971-288-k272165.jpg)
YOU ARE READING
အန်တီ [ Complete ]
Romance{ Unicode } Age gap fic လေးပါရှင့် ၊ အန်တီ မမတွေကိုမှကြိုက်တဲ့ကောင်မလေးတွေအတွက် { Zawgyi } Age gap fic လေးပါရှင့် ၊ အန်တီ မမတွေကိုမှကြိုက်တဲ့ကောင်မလေးတွေအတွက်