part (32)

14K 666 20
                                    

မြူ တို့ နှစ်ယောက် သဲသောင်စပ်ကလေး၌ လက်တွဲပြီးလျှောက်လာကြလေသည်။
"အန်တီ..." ဆူး ၏ခပ်တိုးတိုးခေါ်သံလေးကြောင့် မြူ တစ်ယောက် ဆူး မျက်နှာလေးကိုမလွှတ်တမ်းမော့ကြည့်လိုက်လေသည်။

"ဆူး ကို အန်တီအရမ်းချစ်တာပဲနော်..."

"အွန်း ပေါ့ အန်တီအများကြီးချစ်တာပါကွယ်..."

" ဆူး ဘဝမှာလေ အရမ်းအချစ်ခံရတာဆိုလို့ အန်တီ့ဆီကပဲရှိတယ် တစ်ခါတစ်လေလည်းစဉ်စားမိတယ် မွေးမိဘတွေကတော့ အန်တီ့လောက်ချစ်ပါရဲ့လားလို့..." ဆူး ရဲ့စကားလေးကို မြူ သဘောကျစွာပြုံးလိုက်မိသည်။

" အန်တီ တစ်ယောက်ထဲကပဲ ဆူး ကိုချစ်ချင်တာ အန်တီ့အချစ်တွေနဲ့ပဲ ဆူး ပြည့်စုံရင်ရပြီ..."

"ချစ်တယ် ချစ်တယ် ဒေါ်မြူခိုးတိမ်လွှာကိုအရမ်းပဲ ချစ်ပါတယ်လို့..." ဆူး တစ်ယောက် မပြောမဆိုနှင့် ရေလှိုင်းတွေတဝုံးဝုံးတက်လာသော ပင်လယ်ကြီးကို မျက်နှာမူ ကာဆိုလိုက်လေသည်။ဆူး အား လူထူးဆန်းလေးပမာ ဘေးနားမှလူတွေကကွက်ကြည့်ကွက်ကြည့်လုပ်နေကြလေသည်။

"ဟာ ဆူး ကလည်း တိုးတိုး ပြောလည်းရရဲ့သားနဲ့ ရှက်စရာကြီး..." မြူ က ဆူး ရဲ့ပုခုံးလေးကိုပုတ်ကာဆိုပြန်တော့ .

"ရှက်ပါနဲ့ မိန်းမရဲ့ ဒီကလည်းချစ်လို့ဟာ..." ဆူး ပြောလာမှပဲ မြူ့ ရဲ့မျက်နှာလေးက ပိုကာနီရဲလာတော့သည်။

" လာ ..." ဆူး မြူ့ ရဲ့လက်ကိုဆွဲကာ လမ်းဆက်လျှောက်လာခဲ့လေသည်။ လှိုင်လုံးလေးတွေတက်လာတော့ မြူ့ ရဲ့ခြေထောက်နုနုလေးကို ရေစက်ကလေးတွေလာရောက်ထိခတ်နေသည်ကိုပင် မြူ တစ်ယောက် သဘောကျမဆုံးဖြစ်နေလေသည်။

"မြူ..." ဆူး ရုတ်တရက် မြူ့ အား ရင်ခွင်ထဲထည့်ကာဖက်ထားလိုက်လေသည်။

"အမေ့..." မြူလည်း ကြောက်အား လန့်အားဖြင့် သတိမမူမိခင် ဆူး ရဲ့ရင်ခွင်ထဲ၌ မျက်နှာလေးအပ်ကာ ပုံးအောင်းနေမိလေသည်။

" တောင်းပန်ပါတယ် အမရယ်..."အမှန်က ဆူး တို့ဆီသို့ရောက်လာသော ဘောလုံးလေးက မြူ တစ်ယောက်ထိခိုက်မိမည်ဆိုခြင်းကြောင့်ဆူးက ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်ခြင်းဖြစ်လေသည်။

အန်တီ [ Complete ]Where stories live. Discover now