Part (22)

8.9K 642 64
                                    

"ဆူး ..." ဆူး ထိုင်နေသော ခုံလေးရဲ့ ဘေး‌မွှေ့ရာလေးပေါ်သို့ မြူ ထိုင်ချရင်း ခေါ်လိုက်လေသည်။

"ရှင် အန်တီ "

"အလုပ်လုပ်နေတာလား..." ဆူး မြူ့ ကိုတစ်ချက်မျှကြည့်ရင်း

"ဟုတ်တယ်အန်တီ စာရင်းအမှားနည်းနည်းတွေ့လို့ ပြန်စစ်ကြည့်နေတာ..."

"အာ့တွေ နောက်မှလုပ်ပါ အန်တီတို့ အောက်ထပ် လမ်းခဏလျှောက်ရအောင်လေနော်..."

"အွန်း..."ဟု တစ်လုံးထဲ ဖြေကာ မြူ့ အားအဖက်မလုပ်သော ဆူး ကို မြူ ကြည့်ရင်း စိတ်တိုလာရလေသည်။

အချိန်အတော်ကြာအောင် ဆူး ဘေး ဆိုဖာလေးပေါ်ထိုင်ရင်း ငြိမ်ငြိမ်လေးသာ နေနေလိုက်သည်။

ဆူး မြူ့ ကိုကြည့်မိတော့ နှုတ်ခမ်းလေးကိုထော်ရင်း အိပ်ရာခင်းစတို့ကို ဆွဲနေသော အန်တီမှာ ကလေးလေး တစ်ယောက်မျှသာ

"အန်တီ..."ဆူး အခေါ်ကို မြူ မထူးချေ..

ဆူး စာရင်း စာအုပ်ကလေးကိုပိတ်ရင်း မြူဘေး မွှေ့ရာလေးပေါ်၌ ထိုင်လိုက်ရင်း "ဆူး ကိုစိတ်ဆိုးနေတာလား..." ဟု ဆိုလိုက်လေသည်။

"မဆိုးပါဘူး မအားဘူး မလား လုပ်လေ တို့ သွားတော့မယ်..."

"ဘယ်သွားမလို့လည်း.."ဆူး ဘေးကမှထသွားဖို့ပြင်သောမြူ့ အား ဆူး လှမ်းဆွဲလိုက်လေသည်။ မြူ့ ခန္တာကိုယ်လေးသည် ဆူး ပေါင်လေးပေါ် ၌ ထိုင်လျှက်သား ဖြစ်နေလေသည်။

"ဘယ်သွား‌သွားပေါ့.."

"လွှတ်...အခုချက်ချင်း..." မြူ့ ၏ မပျော့မပြောင်းအသံလေးသည်ပင် ဆွဲဆောင်မှူရှိလှပေသည်။

"လမ်းလျှောက်သွားမယ်ဆို...လာသွားကြမယ်လေ..."

"မသွားဘူး အိပ်တော့မယ်..လွှတ်..." မြူ သူမ ၏ ခါးလေးကိုဖက်ထားသော ဆူး အားရုန်းရင်း ထဖို့ဟန်ပြင်လိုက်လေသည်။

"မအိပ်ရပါဘူး လမ်းလျှောက်ကြမယ်လေနော်...လာ..." မြူ့ ၏ ခန္တာကိုယ်လေးကို ဆူး ပွေ့ချီကာ အောက်ထပ်သို့ ခေါ်လာခဲ့လေသည်။
ဆူး တို့ ကြား ၌ မည်သို့ မည်မျှခေါင်းစဉ်တပ်ခြင်းမဟုတ်သော ချစ်ခြင်းမေတ္တာတို့ဖြင့် တစ်ယောက်ပေါ်တစ်ယောက် ဆိုးနွဲ့နေကြလေသည်။

အန်တီ [ Complete ]Where stories live. Discover now