part (11)

9.6K 722 64
                                    

"အန်တီသွေး..."ဆူး လက်ကိုဆွဲကာလမ်းလျှောက်လာသော သွေးတစ်ယောက် ဆူး စကားကြောင့် ခြေလှမ်းတို့ရပ်တန့်သွားလေသည်။

"ဟင်..ပြောလေ ဆူး..."

"ဆူး နေသိပ်မကောင်းလို့ အိမ်ပြန်ချင်ပြီ အန်တီ..."

"ဟုတ်လား..ဘာဖြစ်လို့လည်း..ဆူးရဲ့ စောနာက အကောင်းကြီးကိုကွယ်..."

"ခေါင်းနည်းနည်းကိုက်လာလို့အန်တီရယ်..."

"အာ့ဆိုလည်း ဆေးခန်းအရင်သွားရအောင်လေ အန်တီ လိုက်ပို့ပေးမယ်..."

"ရတယ် ရတယ် ဆူး ဘာသာပဲပြန်လိုက်မယ်နော်..အန်တီ့ကိုအားနာလို့ပါ.."

"အား နာစရာမလိုပါဘူးကွယ်..."

"အာ့ဆို ဆူး ကိုခွင့်ပြုပါအုံးနော်.."

"အေးအေး..."ဆူး သွေးအား နှုတ်ဆက်ပြီး မြူနှင့်အတူတူထိုင်ခဲ့သော စားသောက်ဆိုင်လေးသို့ အပြေးလေးပြန်လာခဲ့လေသည်။ မြူ့ ကို မတွေ့ခဲ့ချေ ။ အန်တီ ရယ် ဘယ်တွေသွားနေတာပါလိမ့် ။ ဆူး တစ်ယောက် အန်တီသွေးနှင့်သာလိုက်လာခဲ့ရပေမဲ့ မြူ့ ၏ ဖြူဖျော့ဖျော့ပုံလေးကိုပြန်မြင်ယောင်ကာ စိတ်မချဖြစ်နေရလေသည် ။ အန်တီ့ကို တစ်ယောက်ထဲ ထားရက်ခဲ့ရလေခြင်းလို့ တွေးမိပြန်တော့ ကိုယ့်ကိုကိုယ်အပြစ်တင်မိရပြန်သည်။

မြူ တစ်ယောက် ယိုင်နဲ့နေသော ခြေလှမ်းတို့ဖြင့် ကားရှိရာသို့ အားတင်းကာလျှောက်လာခဲ့ရသည်။ မြူ့ ၏ စိတ်သည် မြူ့ အတွက် အားနည်းချက်ဖြစ်နေလေသည် ။ စိတ်တစ်စုံတစ်ရာအဆင်‌မပြေတိုင်း ခန္တာကိုယ်သည် ‌ဖြူဖျော့ကာ အားနည်းလို့လာရသည် ။
ကားစတီယာတိုင်ကို ကိုင်ရင်း ကိုက်နေသော ခေါင်းလေးကိုမှီမှောက်ထားရလေသည် ။

"ဒေါက် ဒေါက်..."ကားမှန်တို့ကို လူတစ်ယောက်လာခေါက်မှ သတိထားမိလေသည် ။

"ဒီက တီတီ က အဆင်ပြေရဲ့လား မသိဘူး..."
မြူ တစ်ယောက် ထိုကလေးစကားကြောင့် ကြောင်အမ်းအမ်းဖြစ်သွားရပြန်သည်။ မြူ့ ကို ခေါ်လိုက်ပုံမှာ တီတီတဲ့ ။

"ဟိုလေ တီတီ့ကို အဝေး က လှမ်းကြည့်နေတာကြာပြီ နေမကောင်းတဲ့ပုံပေါက်နေလို့လေ..
ဖွေး ဘာကူညီပေးရမလည်း..."မြူ ထိုကလေး၏ ပေါ့ပေါ့ပါးပါး စကားတို့ကြောင့် ပြုံးလိုက်မိလေသည်။

အန်တီ [ Complete ]Where stories live. Discover now