"အန်တီ ဒီမှာ စာရင်းတွေ တစ်ချက်လောက်စစ်ပေးပါအုံး..." မြူ့ အတွင်းရေးမှူး လေးမှ မြူ့ ရှေ့စာရင်းစာရွက်တွေကို ချပေးရင်း ဆိုလာလေသည်။
မြူကတော့ ထို ကောင်မလေးပြောတာကို အာရုံမရပေ ။
"တောက်..." တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်ရင်း ထိုစာရွက်တို့အားသတိလက်လွတ်လက်ဖြင့်လုံးချေနေမိလေသည်။
"အန် အန်တီ...ဘာမှားလို့လည်း..." မြူ့ ဘေးနားမှကောင်မလေးသည် မြူ့ပုံစံကိုကြည့်ရင်း လန့်ဖြန့်ကာ ခေါင်းကိုငုံ့ရင်း ကြောက်အားလန့်အားဖြင့်ကတုန်ကယင်ဆိုလာလေသည်။
မြူ့ မျက်နှာကြီးတစ်ခုလုံး ဒေါသထွက်ကာ နီရဲနေလေသည်။ နှုတ်ခမ်းတစ်ဖက်ကို ကိုက်ထားရင်း မြူ့ အကြည့်တို့သည် မြင်သူတကာကြောက်ရွဲ့စရာကောင်းလှပေသည်။
အမှန်ကား မြူ့ အခန်းထဲမှ လှမ်းမြင်နေရသော ဆူး ကြောင့် မြူ တစ်ယောက် ဒေါသထွက်နေခြင်းဖြစ်လေသည်။
ဆူး ဘေး နား ၌ ကောင်မလေး ငယ်ငယ်လေးတွေမြင်ရတိုင်း မြူ့ မှာနေမထိထိုင်မသာ ဒေါသထွက်ရပါသည်။ "အခုလည်း ကြည့် ဝန်ထမ်းအသစ်လေးတွေကိုစီမံဖို့ အလုပ်လေးပေးလိုက်ပါတယ် သူ့အနားမှာ ဝိုင်းဝိုင်းလည်နေတာပဲ...ဒင်းလေး တွေ့အုံးမယ် ဟင်း ဟင်း..." မြူ တစ်ယောက် မှန်ပြတင်းပေါက်တို့မှတစ်ဆင့် မြင်နေရသော ဆူး ရဲ့ပုံစံလေးကြောင့် ဒေါသတို့အလုံး အရင်းထွက်နေခဲ့သည်မဟုတ်ပါလား ။ မြူ ဆူး အား ချစ်ရလွန်းခြင်းကြောင့် သဝန်တိုနေမိလေသည်။
"အော...sorry ကွယ် သတိလက်လွတ်ဖြစ်သွားလို့..." မြူ သတိပြန်ဝင်လာတော့ ထိုကောင်မလေး စစ်ခိုင်းသော စာရင်းစာရွက်လေးသည် တွန့်ကျေနေချေသည်။
"အမှား မပါလောက်ပါဘူး ပြန်လုပ်ခဲ့ပေးနော်...ရော့ "မြူ တွန့်ကျေနေသာ စာရွက်ကလေးကို ထိုတစ်ယောက်အား လှမ်းပေးလိုက်လေသည်။
"ဟုတ် ဟုတ်ကဲ့ ..."
"ဒါနဲ့ ဆူး ကို အခန်းထဲလွှတ်လိုက်အုံး..."
"ဟုတ်ကဲ့ အန်တီ..." မြူ့ အခန်းထဲမှ ထိုအတွင်းရေးမှုး မလေး ထွက်သွားတာကို မြူ ကြည့်နေမိလေသည်။
VOCÊ ESTÁ LENDO
အန်တီ [ Complete ]
Romance{ Unicode } Age gap fic လေးပါရှင့် ၊ အန်တီ မမတွေကိုမှကြိုက်တဲ့ကောင်မလေးတွေအတွက် { Zawgyi } Age gap fic လေးပါရှင့် ၊ အန်တီ မမတွေကိုမှကြိုက်တဲ့ကောင်မလေးတွေအတွက်
![အန်တီ [ Complete ]](https://img.wattpad.com/cover/284900971-64-k272165.jpg)