part (44)

9.8K 626 33
                                    


" ရှင်က ဦးဟိန်းသူ မလား..."

"ကျွန်တော့်ကိုသိလို့လား..."ဦးဟိန်းသူတစ်ယောက် သူ့မျက်နှာမှ ထိုးကျိတ်ဒဏ်ရာများအား လက်ကလေးနဲ့ထိရင်း မြူ့ အားဆိုလာလေသည်။

မြူ မချိုသောအပြုံးကိုပြုံးရင်း "ရှင့်ကိုကျွန်မသိပ်သိတာပေါ့...ကျွန်မကိုရော ရှင်သိရဲ့လား..ကျွန်မဘယ်သူလည်းဆိုတာကိုပေါ့..."

ဦးဟိန်သူ တစ်ယောက် မြူ့ ရဲ့အပြုံးတို့အား နားမလည်စွာကြည့်ရင်း " ဒီကအမက ဘယ်သူလည်းမသိဘူး..."

"ကျွန်မက ဆူးခက်သွယ်ရဲ့ ဇနီးပါ ဒေါ်မြူခိုးတိမ်လွှာ..."

ဦးဟိန်းသူတစ်ယောက် မြူ့ စကားကြောင့် ထိုင်နေလျှက်မှ လန့်ကာ ယောင်ယမ်းပြီးထရပ်မိချေသည်။ဆူး ခက်သွယ်ဆိုသော အမည်ပိုင်ရှင်အား သူသိပေသည်။

"ရှင် ဘယ်ပြေးမလည်း...ရှင့်အတွက်ပြေးစရာလမ်းမရှိဘူးနော်...ဒါကကျွန်မပိုင်နက်ထဲမှာ..."

"ကျွန်တော် တောင်းပန်ပါတယ်အမရယ်...ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ..."အမှားပြုသောသူတစ်ယောက်နှယ် မြူ့ အား ရိုကျိုးစွာဖြင့်တောင်းပန်လာလေသည်။

"ဘယ်လိုလုပ်ရမလည်း ကျွန်မက ရှင့်အပြစ်
တွေအတွက်ခွင့်လွှတ်ပေးဖို့ရော ထိုက်တန်ရဲ့လား...စဉ်းစားရအုံးမယ်..."

"တကယ်တော့ ကျွန်တော် လည်းအသုံးချခံခဲ့ရတာပါ..."ဦးဟိန်းသူတစ်ယောက် မဝံ့မရဲစွာဆိုလာလေသည်။

"စိတ်မကောင်းစရာပဲ...ရှင်ပြောတာတွေကိုကျွန်မယုံ‌မပေးနိုင်တော့တာ..." ဆူး တစ်ယောက် နောက်ကနေရောက်လာလေသည်။ ဆူး ၏ ခြေလှမ်းများသည်လျှင်မြန်စွာဖြင့် လျှောက်လှမ်းလာရင်း ဦးဟိန်သူ၏အင်္ကျီတို့အား ဆွဲရင်း စိတ်ဆိုးစွာဆိုလာလေသည်။

"ခွပ်..." ပြင်းလှသော ဆူး ၏ လက်သီးတစ်ချက်သည် ဦးဟိန်းသူ၏ မျက်နှာပေါ်သို့အရှိန်ပြင်းစွာရောက်လာလေသည်။ ဦးဟိန်းသူတစ်ယောက် ထိုထိုးချက်နှင့်ပင် နှုတ်ခမ်း ထောင့်စွန်းမှ သွေး အနည်းငယ်ယိုစိမ့်လာလေသည်။

"ဆူး မလုပ်နဲ့..." မြူ ဆူး ၏ ဒုတိယတစ်ချက် ရွယ်ထားသောလက်သီးအားဆွဲထားလိုက်လေသည်။

အန်တီ [ Complete ]Where stories live. Discover now