part (17)

8.2K 569 16
                                    

"အန်တီ သမီးတို့ ထမင်းမစားရတာကြာလို့ မုန့်ဖိုးလေးစွံ့ကျဲပါ..." ခွက်ကိုတဒါက်ဒေါက်မြည်အောင်ခေါက်ရင်း ‌ဟန်ဆု အိမ်ရှေ့၌ တောင်းရမ်းနေသော ကလေးတွေကြောင့် ဟန်ဆု အပျော်တွေအပျက်မခံနိုင်ပါ ။

"ရော့....သွားသွား ဝေးဝေးသွားကြ.." ငါးထောင်တန်တစ်ရွက်ကို ထုတ်ရင်း ထိုခွက်ထဲသို့ ထည့်ကာ အနားမှ အဝေးသို့ နှင်လွှတ်လိုက်ပြီး ခြံထဲသို့ ကားမောင်းဝင်လာခဲ့လေသည်။

ကားသော့ကိုလှည့်ရင်း ပျော်ရွှင်နေသောအပြုံးတို့ဖြင့် အိမ်ထဲသို့ ဝင်လာခဲ့လေသည်။

"ဟန်လေး ဘယ်သွားနေတာလည်း..."ဧည့်ခန်းထဲ၌ သတင်းစာဖတ်နေသော ဟန်ဆု ၏ ယောကျာ်းဖြစ်သူမှ လှမ်းမေးလိုက်လေသည်။

ဟန်ဆု မချိပြုံးတစ်ချက်ပြုံးရင်း လက်ကိုင်ဖုန်းနှင့်ကား‌သော့ကို စားပွဲပေါ်သို့တင်လိုက်လေသည်။ဦးအောင်မြင့်သူ ၏ ဘေး ဆိုဖာလေး၌ ဝင်ထိုင်ရင်း ခပ်ချွဲချွဲအသံလေးဖြင့် "အစ်ကိုကြီးက...ဟန့်ကို အပြင်ဘဲထွက်နေတာလို့ မြင်နေတာလားလို့...." ‌ဦးအောင်မြင့်သူ၏ လက်မောင်းတို့ကိုမှီခိုတွဲကာ ဆိုလိုက်လေသည်။

"အစ်ကို ပြောချင်တာ အဲလိုမဟုတ်ပါဘူး...အိမ်မှာမတွေ့လို့လေ..." ဦးအောင်မြင့် တစ်ယောက် ဟန်ဆု၏ လက်ကလေးကိုပြန်လည်ဆုတ်ကိုင်ရင်း လေသံပျော့ကာဆိုလိုက်ပြန်လေသည်။

"အာ့ဆို ဘာလည်း ဟန်က အလုပ်ကိစ္စနဲ့ပဲအပြင်ထွက်တတ်တာ အစ်ကိုကြီးသိရဲ့သားနဲ့..."ဟန်ဆု ဦးအောင်မြင့်ရဲ့ ပါးကိုလက်ညှိုးလေးနဲ့ထောက်ကာဆိုလိုက်လေသည်။

" အစ်ကို သိပါတယ်..."

"အစ်ကိုကြီးသိလား ဟန့် မှာကုမ္ပဏီကိစ္စတွေနဲ့ အလုပ်များနေတာ ယိမ်းယိုင်လုနီးနီး ကုမ္ပဏီကိုထိန်းကျောင်းနေရတာ ဘယ်လောက်ပင်ပန်းတယ် ဆိုတာ..."

"အဲ့လောက်ကြိုးစားစရာမလိုပါဘူး..ကုမ္ပဏီကိစ္စတွေက မြူခိုး လုပ်ပါလိမ့်မယ်...အစ်ကိုတို့ကအကျိုးအမြတ်ကိုခံစားရုံပဲ..."ဦးအောင်မြင့်၏ စကားအဆုံး၌ ဟန်ဆု၏ ခနဲ့တဲ့တဲ့ စကားသံတို့သည် တောက်လျှောက်ပါလာခဲ့ပြန်သည်။

အန်တီ [ Complete ]Where stories live. Discover now