club အတွင်း မီးရောင်တဖြတ်ဖြတ်တောက်ပနေသော နေရာတစ်ခု၌ဝယ် ဆူးရဲ့လက်ကိုမလွှတ်တမ်းဆွဲကိုင်ထားသော မြူ ။
ဆူး မြူ့ နားလေးတိုးတိုးလေးကပ်ကာ "အန်တီကြောက်လို့လား..."ဟု မေးလိုက်လေသည်။မြူက ဆူး အားမျက်ခုံးလေးပင့်ကြည့်ရင်း "အင်း တစ်မျိုးကြီးပဲ..." မြူ့ လိုအမျိုးသမီးတစ်ယောက်နှင့်မသက်ဆိုင်သောထိုနေရာ၌ မြူ့ အနေအထိုင်အနည်းငယ်ကျဉ်းကျပ်လှပေသည်။
"လာ ဖြေးဖြေးဆင်း ဘာမှမဖြစ်ဘူးနော်.." လှေကာထစ်ကလေးအတိုင်းအောက်ထပ်သို့ဆင်းလာခဲ့လေသည်။ ဆူး လက်ကို ဆုတ်ကိုင်ရင်း ခပ်ရှုပ်ရှုပ်လူအုပ်ကြားမှဖြတ်လာခဲ့ကြသည်။ မြူကသာ လူတွေကိုဂရုစိုက်နေပေမဲ့ ကောင်မလေးငယ်ငယ်လေးများသည် ကောင်လေးတွေကြားတွဲလျှက်ကနေကြသည်။
"ဆူး ဒီဘက်မှာ..." ထောင့်စွန်းကျတဲ့ဝိုင်းမှ ပိုင်ခန့် လက်လှန်းပြလို့ ထိုနေရာရောက်အောင်ထိ ဆူး မြူ့ အားဂရုတစိုက်ခေါ်လာခဲ့သည်။ မြူ့ ပုံစံလေးမှာ ကြက်သွေးရင့်ရောင် ဝမ်းဆက်လေးကိုဝတ်ဆင်ထားလေသည်။ ဖြူသောသူမ၏အသားနှင့်လိုက်ဖတ်အောင်ယှဉ်လှပေသည်။ သူမ၏ပုံစံလေးအတိုင်း ဂုတ်ကျော်ရုံဆံပင်လေးကို စီးနှောင်ထားလေသည်။ မိတ်ကပ်ပါးပါးလေးနှင့်နှုတ်ခမ်းနီရဲရဲလေးမှာ သူမ၏ ပင်ကိုယ်အလှတို့အား အစွမ်းကုန်ထောက်ပံ့ပေးနေရှာသည်။မြူ့မှာ ပုရိသတို့ငေးမောရလောက်အောင်လှပသော အမျိုးသမီးဖြစ်လေသည်။ မရဲတရဲသူမ၏ပုံစံလေးမှာ မြင်ရသူအဖို့တစ်မျိုးဆွဲဆောင်မှုရှိလှပေသည်။
"နောက်ကျသွားတယ်ကွာ..." ဆူး ပိုင်ခန့်အား နှုတ်ဆက်ရင်းဆိုလိုက်လေသည်။
"အန်တီရော ပါလာတာလား...ကျွန်တော့်မွေးနေ့ကိုလာပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်..." ပိုင်ခန့်ထကာခေါင်းလေးငုံ့ရင်း မြူ့ အားရိုသေစွာနှုတ်ဆက်လိုက်လေသည်။
"မဟုတ်တာကွယ်..ဒါက ပိုင်ခန့်အတွက်ပါ..." မွေးနေ့လက်ဆောင်ထုတ်ကလေးကိုလှမ်းပေးရင် မြူ ဘက်မှယဉ်ကျေးစွာဆိုလိုက်လေသည်။ ထိုနေရာတစ်ခုလုံး မြူ့ နှင့်ရင်းနှီးစွာသိသော ပိုင်ခန့်ကြောင့်ပင်အနည်းငယ်စိတ်သက်သာရာရမိပါသေးသည်။
![](https://img.wattpad.com/cover/284900971-288-k272165.jpg)
STAI LEGGENDO
အန်တီ [ Complete ]
Storie d'amore{ Unicode } Age gap fic လေးပါရှင့် ၊ အန်တီ မမတွေကိုမှကြိုက်တဲ့ကောင်မလေးတွေအတွက် { Zawgyi } Age gap fic လေးပါရှင့် ၊ အန်တီ မမတွေကိုမှကြိုက်တဲ့ကောင်မလေးတွေအတွက်