ဆူး အဝတ်အစားလဲပြီး ရုံးသွားဖို့ အောက်ထပ်သို့ဆင်းလာခဲ့လေသည်။
"ဒေါ်ဝင်း အန်တီရော..." ထမင်းစားခန်းထဲ ၌ အလုပ်ရှုပ်နေသော ဒေါ်ဝင်းအား ဆူးလှမ်းမေးလိုက်လေသည်။
"သမီးမြူ က ဆင်းမလာသေးဘူးကွဲ့...သမီးနဲ့အတူတူဆင်းလာမယ်မှတ်နေတာ "
"ဟင် ဟုတ်လား အန်တီခုထိဆင်းမလာသေးရင် နေများမကောင်းလို့လားမသိဘူး ဆူး သွားကြည့်လိုက်အုံးမယ်နော်..."
"အေးအေး ဒေါ်ဝင်း မနက်စာပြင်ပေးထားမယ်နော်..." ဆူး ဒေါ်ဝင်းလှမ်းပြောသည်ကိုကြားပေမဲ့ ဘာမှပြန်ပြောမနေပဲအပေါ်ထပ် အန်တီ ရှိတဲ့ အခန်းဆီသို့ တက်လာခဲ့လေသည်။
"ဒေါက် ဒေါက်...အန်တီ ဆူး ဝင်လာခဲ့မယ်နော် .." ဆူး စိတ်လောနေတာကြောင့် အသံပေးပြီးချက်ချင်းသာဝင်လာခဲ့လေသည်။
အခန်းတွင်း ၌ အိပ်ရာဘေးမီးသီးလေးတွေမှ အပ မှောင်နေလေသည်။ ဆူး ခန်းဆီးလိုက်ကာတို့ကိုဆွဲဖွင့်ရင်း
" အန်တီ နေမကောင်းလို့လား..." အိပ်ရာ ထပ်၌ စောင်ကိုခေါင်းထိခြုံထားသော မြူ့ ရဲ့ ဘေး ဆူး ဝင်ထိုင်ရင်း ဆိုလိုက်လေသည်။"အန်တီလို့.. " ဆူး အခေါ်ကို ကြားပေမဲ့ မြူ တမင်တကာမထူးပေ ။
ဆူး တစ်ယောက် စိတ်မရှည်စွာဖြင့် စောင်ကို ဆွဲချလိုက်လေသည်။
"အာ ဘာလည်းကွာ အိပ်ချင်လို့ပါဆို..." မြူ စောင်ကိုနောက်တစ်ကြိမ်ခေါင်းထိပြန်ဆွဲလိုက်ပြန်သည်။
"ဘယ်ချိန်ရှိနေပြီလည်း အန်တီရဲ့.." ဆူး မြူ ရဲ့ စောင်လေးကို နောက်တစ်ကြိမ်ပြန်ဆွဲကာ ခါးအောက်ပိုင်းထိလှန်ချလိုက်လေသည်။
"ရှစ် နေရောင်ကမျက်လုံးစူးလိုက်တာ..." မြူ တစ်ယောက် မျက်လုံးလေးကို လက်နှစ်ဖက်ဖြင့်ကာရင်း ဆိုလာပြန်သည်။
"အန်တီ ခုထိမထသေးတာ နေမကောင်းလို့လား...ပြပါ အုံး ဆူး ကြည့်ပါရစေ..." ဆူး ၏ စကားကိုကြားတော့ မြူ တစ်ယောက်လန့် ကာ
"ဘာ ဘာကြည့်မှာလည်း..." ခါးအောက်ပိုင်းမှမမှီမကန်းစောင်ကို ပြန်ဆွဲရင်း ပျာပျာသလဲဖြေရှာသည်။
![](https://img.wattpad.com/cover/284900971-288-k272165.jpg)
VOCÊ ESTÁ LENDO
အန်တီ [ Complete ]
Romance{ Unicode } Age gap fic လေးပါရှင့် ၊ အန်တီ မမတွေကိုမှကြိုက်တဲ့ကောင်မလေးတွေအတွက် { Zawgyi } Age gap fic လေးပါရှင့် ၊ အန်တီ မမတွေကိုမှကြိုက်တဲ့ကောင်မလေးတွေအတွက်