part (3)

14.9K 971 48
                                    

ဆူး တစ်ယောက် အဝတ်လဲခန်းက locker ထဲကို ပိုက်ဆံအိတ်လေးထည့်လိုက်တော့ စာရွက်အပိုင်းအစလေး တစ်ခုထွက်ကျလာလေသည်...

ဆူး စာရွက်ကလေးကိုကောက်ယူလိုက်ပြီး အနားရှိ ထိုင်ခုံလေးပေါ်ယူကာဖတ်ကြည့်လိုက်ရင်း..

ဆူး အန်တီတို့ ထပ်တွေ့ကြရအောင်နော်...

/သွေး

ထိုစာလေးကြောင့် ပြုံးလိုက်မိလေသည်...
တစ်နေ့ညကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေဆီသို့ အတွေးတို့ ပြန်လည်ကူးခပ်ရင်း ရင်ဖိုလာရပြန်သည်...

"အန်တီ့ အနားမှာနေပေးပါနော် အထီးကျန်လွန်းလို့ပါ..."လို့ တောင်းဆိုလာသော သူမ၏ စကားတို့နှင့် ဆူး လက်မောင်းတို့ကိုတင်းကျပ်စွာဆုတ်ကိုင်ထားသော အပြုအမူတို့ကြောင့် ဆူးသည်ပင် သူမ၏ ဆံပင်လေးကို ခပ်ဖွဖွလေး ပွတ်ရင်း...

" ဆူး ဘယ်မှ မသွားဘူးနော်..အန်တီ့ ဘေးနားမှာပဲရှိနေတယ်သိလား..."
ဆူး ‌သည်ပင် သွေးကို ကလေးတစ်ယောက်လို့ ချော့မြူနေတော့...
သွေး သည်ပင် ဆူး လက် မောင်းတို့ကိုမှီတွယ်ရင်း အိပ်ပျော်သွားလေသည်..

ဆူး ဘေးတဇောင်းမြင်နေ‌ရသော သူမ၏ မျက်နှာလေးကိုကြည့်ရင်း "ဘယ်လိုသောကတွေများ ရှိနေတာလည်း အန်တီရယ်... "ဂရုဏာသက်စွာ ရေရွတ်လိုက်မိသည်...

ဆူး စာရွက်ကလေးကိုကိုင်လျှက်"ဆူး တို့ထပ်တွေ့မယ်ပြောထားတယ်နော်..."လို့ တစ်ယောက်ထဲသဘောကျစွာရေရွတ်နေမိသည်...
ဆူး မသိစိတ်ထဲ၌ ထိုအမျိုးသမီးကိုသဘောကျနေမိသည်....ထိုနေ့မှ လွဲပြီး တစ်ကြိမ်တစ်ခါသာမြင်ဖူးသော ထိုအမျိုးသမီးကို ရင်ခုန်နေရခြင်းမှာ သိပ်တော့အဆင်မပြေလှပေ...

"ဟိတ်...ဆူး..."" ဟဲ့ ဆူးလို့..."

"ရှင် ဟုတ်.. မမော်..."

"ခေါ်နေတာကို မထူးပဲ စာရွက်ကြီးကိုင်ပြီး ပြုံးစိစိလုပ်နေတယ်ကြည့်စမ်း...""ပြစမ်း အဲဒါဘာစာရွက်လည်း..."

"ဘာမှမဟုတ်ပါဘူးမမော်ရဲ့..."အတင်းလုမယ်လုပ်တဲ့ မမော်ရဲ့လက်ထဲသို့မရောက်ခင် စာရွက်ကလေးကို ဘောင်းဘီအိတ်ကပ်ထဲထိုးထည့်ကာ ဝှက်ထားလိုက်လေသည်...

အန်တီ [ Complete ]Where stories live. Discover now